You Here!
  • Home
  • Activitiesမြန်မာနိုင်ငံပုဂ္ဂလိကသက်မွေးပညာအသင်း (MPTA) ၏ ၁၀ နှစ်ပြည့် အခမ်းအနား (မွန်)

မြန်မာနိုင်ငံပုဂ္ဂလိကသက်မွေးပညာအသင်း (MPTA) ၏ ၁၀ နှစ်ပြည့် အခမ်းအနား (မွန်)

December 20, 2024 office team 0 Comments

မြန်မာနိုင်ငံပုဂ္ဂလိကသက်မွေးပညာအသင်း (MPTA) ကြီး၏ တည်ထောင်ခြင်း ၁၀ နှစ်ပြည့် အခမ်းအနား (မွန်) (10th Anniversary of Myanmar Private TVET Association – Mon) ကို ၂၀ ရက်နေ့ ဒီဇင်ဘာလ ၂၀၂၄ တွင် Hotel KS, မော်လမြိုင်မြို့၊ မွန်ပြည်နယ် တွင် အောင်မြင်စွာကျင်းပခဲ့ပါသည်။

 (MPTA) ၏ ၁၀ နှစ်ပြည့် အခမ်းအနား (မွန်) ကို EC Members များ၊ အသင်းဝင်ဆရာ ဆရာမများ၊ မိတ်ဖက် Partners များ၊ သတင်း Media များနှင့် ဖိတ်ကြားထား‌သော ဧည့်သည်တော်များ တက်ရောက်ခဲ့ ကြပါသည်။

အဆိုပါ အခမ်းအနားတွင် အသင်း၏ ဥက္ကဌ ဦးအေးမင်းမင်းမှ အဖွင့်အမှာစကားကို Video Conferencing ဖြင့် ပြောကြားပေးခဲ့ပြီး အသင်း၏ ဒုဥက္ကဌ ဦးသန်းထွန်းဇော်မှာ MPTA ၁၀ နှစ်တာကာလ လှုပ်ရှားမှုများနှင့် အောင်မြင်မှုများအား မျှဝေပေးခဲ့ပါသည်။ ထို့နောက် Building Skills Workforce: Regional Best Practice ခေါင်းစဉ်ဖြင့် မွန်နှင့် ကရင် ဒေသခံကိုယ်စားလှယ် ဒေါ်အေးမိကျော် မှ ဆွေးနွေး ဝေမျှပေးခဲ့ပါသည်။

ထို့နောက် စွန့်ဦးတီထွင်လုပ်ငန်းနှင့်ကျွမ်းကျင်မှုဖွံ့ဖြိုးရေး အကြောင်းအရာအား ဒေါက်တာ မိဆွေဇာသူ (ဆွာလုပ်ငန်း) မှ အတွေ့အကြုံများကို ဝေမျှဆွေးနွေးပေးခဲ့ပါသည်။ ဆက်လက်၍ Knowledge Sharing Seminars များကို အောက်ပါ ခေါင်းစဉ်များဖြင့် ဆွေးနွေးပြောကြားခဲ့ကြပါသည်။

ဆရာမ ဒေါ်နွေးရည်ဝင်းမှ TVET Curriculum Development ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဆရာမ ဒေါ်စန္ဒာထွန်းမှ Vocational Skills Training ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဆရာမ ဒေါ်သီရိဆွေမှ Skills Assessment ခေါင်းစဉ်ဖြင့် လည်းကောင်း၊  အသီးသီး ဆွေးနွေးဝေမျှ ပေးခဲ့ကြပါသည်။ အပိတ်အမှာ စကားအနေဖြင့် မွန်လုပ်ငန်းရှင်အသင်း (ဗဟို) ဥက္ကဌ ဆရာကြီးဦးအောင်သိန်းမှ ဂုဏ်ပြုစကားများ မျှဝေ  ပေးခဲ့ပါသည်။

ထို့နောက်တွင် တက်ရောက်လာကြသော ဧည့်သည်တော်များနှင့်အတူ အမှတ်တရ မှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူးကာ မြန်မာနိုင်ငံ ပုဂ္ဂလိက သက်မွေးပညာအသင်း (MPTA) ၏ ၁၀ နှစ်ပြည့် အခမ်းအနား (မွန်) ကို အောင်မြင်စွာ ကျင်းပခဲ့ကြပါသည်။

Leave A Comment