You Here!
  • Home
  • Activitiesအချိန်စီမံခန့်ခွဲခြင်းသင်တန်း ဖွင့်လှစ်ခဲ့ခြင်း

အချိန်စီမံခန့်ခွဲခြင်းသင်တန်း ဖွင့်လှစ်ခဲ့ခြင်း

November 9, 2025 office team 0 Comments

မြန်မာနိုင်ငံပုဂ္ဂလိက သက်မွေးပညာအသင်း (MPTA) မှ ဦးစီး၍ ၂၀၂၅ ခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင် ရွက်မည့် လုပ်ငန်းအစီအစဉ် လျာထားချက်များမှ တစ်ခု ဖြစ်သည့် Capacity Building Training များ အကောင် အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ “Time Management Training” ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ၊ ၉ ရက်နေ့ (တနင်္ဂနွေနေ့) တွင် TVET Development Institute (TDI) တွင် နေ့လည် ၁ နာရီမှ ညနေ ၅ နာရီ အထိ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ၎င်း “Time Management Training” သင်တန်းကို ဆရာဦးအေးချမ်းကိုကိုမှ ဦးဆောင် ဆွေးနွေးပေးခဲ့ပြီး အသင်းအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ကော်မတီ အလုပ်အမှုဆောင်ဆရာ၊ ဆရာမများ၊ ကော်မတီ အသီးသီးမှ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများနှင့် အကြံ ပေး အဖွဲ့ဝင်ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြပါသည်။ 

 အဆိုပါ သင်တန်းအား တက်ရောက်သူများအနေ ဖြင့် အချိန် (Time) နှင့် လုပ်ငန်းတာဝန် (Task) စီမံခန့်ခွဲမှု နည်းလမ်းများအား ပိုမိုထိရောက်စွာ အသုံးချနိုင်သော အသိ ပညာများကိုအတူတကွမျှဝေသင်ယူခဲ့ကြပါသည်။  တက်ရောက်ပေးခဲ့ကြသော MPTA အဖွဲ့ဝင်များ၊ ကော်မတီဝင် များနှင့် အကြံပေး အဖွဲ့ဝင်များအားလုံး၏ တက်ကြွမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် MPTA မှ ကျေးဇူး အထူးတင် ရှိပါသည်။ 

Leave A Comment