You Here!
  • Home
  • ActivitiesEHS နှင့် MPTA တို့ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးခြင်း

EHS နှင့် MPTA တို့ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးခြင်း

Environment, Health, and Safety (EHS) နှင့် မြန်မာနိုင်ငံ ပုဂ္ဂလိကသက်မွေးပညာအသင်း (MPTA) တို့သည် MOU သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးသည့်နောက်တွင် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ ဆွေးနွေးရန် အတွက် မေလ ၃၁ ရက် (စနေနေ့)၊ ၂၀၂၅ ခုနှစ်တွင် ညနေ ၆:၀၀ မှ ၇:၃၀ အထိ Zoom Meeting (Online) အစည်းအဝေးပြုလုပ်ခဲ့ရာ အဆိုပါ အစည်းအဝေးတွင် EHS နှင့် MPTA တို့မှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ကြ ပြီး  အစည်းအဝေးတွင် Green TVET နှင့် ရာသီဥတု အသိပညာပေးလုပ်ငန်းများ မြှင့်တင်ခြင်း၊ သက်မွေးပညာ သင်တန်းများနှင့် MSMEs လုပ်ငန်းများတွင် ရေရှည်တည်တံ့ သော လုပ်ငန်းဆောင်ရွက်ခြင်း၊ အောင်မြင်ပြီး ကျွမ်းကျင်မှု ဖွံ့ဖြိုးရေးပုံစံများ မျှဝေခြင်း၊ လူငယ်များအတွက် အလုပ် အကိုင် လမ်းညွှန်မှုများ ဆောင်ရွက်ခြင်း၊ အလုပ်လိုအပ်သူ များနှင့် စက်မှုလုပ်ငန်းများ ချိတ်ဆက်ပေးခြင်း၊ ကျွမ်းကျင် လုပ်သားများ ဖြည့်ဆည်းပေးခြင်း၊ အသိပညာပေး ဟော ပြောပွဲများနှင့် လက်တွေ့ဆွေးနွေးပွဲများ အစရှိသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။ 

ဤပူးပေါင်း ဆောင်ရွက်မှုမျာဖြင့်  မြန်မာ့ သက်မွေးပညာရေးကဏ္ဍကို သဘာဝပတ်ဝန်းကျင်နှင့် လိုက် လျောညီထွေစွာ (Green TVET) အနေဖြင့် ဖွံ့ဖြိုးတိုးတက် စေရန်၊ ရေရှည်တည်တံ့သော လုပ်ငန်းစဉ်များ အကောင် အထည်ဖော်နိုင်ရန်နှင့် လူငယ်များ၏ အလုပ်အကိုင် အခွင့် အလမ်း ပိုမိုကောင်းမွန်စေရန် အစရှိသည့် အရေးကြီးသော ရည်မှန်းချက်များကို အတူတကွ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Leave A Comment