You Here!
  • Home
  • ActivitiesMember Updates & Engagement Meeting အောင်မြင်စွာ ကျင်းပပြီးစီးခြင်း

Member Updates & Engagement Meeting အောင်မြင်စွာ ကျင်းပပြီးစီးခြင်း

September 5, 2026 office team 0 Comments

မြန်မာနိုင်ငံ ပုဂ္ဂလိက သက်မွေးပညာအသင်း (Myanmar Private TVET Association – MPTA) ၏ “MPTA Member Updates & Engagement Meeting” ကို MPTA ၏ ပြည်သူ့ဆက်ဆံရေးနှင့် အသင်းဝင် စုဆောင်းရေးကော်မတီ (PR and Member Organization Committee) မှ ဦးစီး၍ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့၊ ညနေ ၆:၃၀ နာရီမှ ၇:၃၀ နာရီအထိ Zoom Online Platform မှတစ်ဆင့် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် MPTA ဒုဥက္ကဋ္ဌ (၂) နှင့် PR and Member Organization Committee Lead ဖြစ်သူ ဒေါ်သွေးသွေးမောင် မှ တက်ရောက်လာကြသည့် အသင်းဝင်များအား ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားခဲ့ပြီး အသင်းဝင်များနှင့် သက်ဆိုင်သည့် အချက်အလက်များ၊ အသင်း၏ လက်ရှိဖွံ့ဖြိုးတိုးတက်မှုများနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ဆွေးနွေးပြောကြားခဲ့ပါသည်။
လက်ရှိတွင် MPTA ၌ ကျောင်း/အဖွဲ့အစည်း အသင်းဝင် (၆၁) ခု နှင့် တစ်ဦးချင်း အသင်းဝင် (၂၉၆) ဦး ရှိပြီး အသင်းဝင်များ၏ ဒေသအလိုက် တိုးတက်မှုများအပြင် စက်မှု၊ နည်းပညာနှင့် စီးပွားရေးဆိုင်ရာ သင်တန်းကဏ္ဍပေါင်းစုံမှ ပါဝင်လာမှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် တစ်ဦးချင်းအသင်းဝင်များအတွက် နှစ်စဉ်ကြေးကို ၅၀,၀၀၀ ကျပ် သတ်မှတ်ထားပြီး၊ အဖွဲ့အစည်းအသင်းဝင်များအတွက် နှစ်စဉ်ကြေးကို ၁၀၀,၀၀၀ ကျပ် သတ်မှတ်ထားပါသည်။
ထို့အပြင် တစ်ဦးချင်းအသင်းဝင်များအတွက် အသင်းဝင်ကြေး ပေးရန် မလိုအပ်သော်လည်း၊ အသင်းဝင်အဖြစ် အသစ်ဝင်ရောက်သော အဖွဲ့အစည်းများအတွက် ပထမနှစ်တွင် အသင်းဝင်ကြေး ၁၀၀,၀၀၀ ကျပ် ပေးဆောင်ရန် သတ်မှတ်ထားရှိမှုကို ဆွေးနွေးပြောကြားခဲ့ပါသည်။
ဆက်လက်၍ MPTA ဒုဥက္ကဋ္ဌ (၁) ဦးဇေယျာမင်းဦး မှ အသင်းဝင်များအတွက် MPTA မှ ပံ့ပိုးပေးနိုင်မည့် အဓိကအကျိုးကျေးဇူး (၆) ချက်ကို အောက်ပါအတိုင်း ရှင်းလင်းမျှဝေခဲ့ပါသည်။

  1. Connect – ကွန်ရက်များ ချိတ်ဆက်၍ အခွင့်အလမ်းများ ဖော်ဆောင်နိုင်ခြင်း
  2. Learn – နည်းပညာနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဗဟုသုတများ တိုးတက်ရရှိနိုင်ခြင်း
  3. Improve – သင်တန်းအရည်အသွေး မြှင့်တင်နိုင်ခြင်းနှင့် CBT သင်တန်းများ ပံ့ပိုးပေးနိုင်ခြင်း
  4. Collaborate – ပူးပေါင်းဆောင်ရွက်မှုများနှင့် စီမံကိန်းများ ဖော်ဆောင်နိုင်ခြင်း
  5. Represent – Private TVET ကဏ္ဍ၏ အသံကို စုစည်း၍ ကိုယ်စားပြုဖော်ထုတ်နိုင်ခြင်း
  6. Grow – ကျောင်းများနှင့် အဖွဲ့အစည်းများ၏ ဂုဏ်သိက္ခာနှင့် ထင်ရှားမှုကို မြှင့်တင်နိုင်ခြင်း

ထို့အပြင် အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများဖြစ်သော MPTA ၏ Academic Arm အဖြစ် TVET Development Institute (၂၀၂၄) နှင့် Projects Arm အဖြစ် Skill Development and Collaboration Agency (SDCA) (၂၀၂၆) တို့ကို ဖွဲ့စည်းတည်ထောင်ထားရှိမှုများအပြင် Admin, Finance နှင့် HR Policy များကိုလည်း စနစ်တကျ ရေးဆွဲအကောင်အထည်ဖော်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ရှင်းလင်းပြောကြားချက်များ အပြီးတွင် အစည်းအဝေးတက်ရောက်လာကြသည့် အသင်းဝင်များ၏ သိရှိလိုသည်များ၊ အကြံပြုချက်များနှင့် မေးမြန်းချက်များကို Q&A အစီအစဉ် ဖြင့် ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပါသည်။
MPTA အနေဖြင့် “တစ်ဦးတည်း ရပ်တည်တာထက် အတူတကွ ပိုမိုတိုးတက်နိုင်ဖို့” ဟူသော ရည်မှန်းချက် ဖြင့် မြန်မာနိုင်ငံ၏ ပုဂ္ဂလိက သက်မွေးပညာ (Private TVET) ကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရေး၊ အသင်းဝင်များအကြား ခိုင်မာသောကွန်ရက်များ တည်ဆောက်နိုင်ရေးနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Leave A Comment