MPTA ၏ ၂၀၂၅ ခုနှစ် လုပ်ငန်းဆန်းစစ် အစည်းအဝေး (Mid-Term Review Meeting) ပြီးစီးခြင်း
မြန်မာနိုင်ငံပုဂ္ဂလိကသက်မွေးပညာအသင်း (MPTA) မှ ၂၀၂၅ ခုနှစ်အတွက် ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၉ နာရီမှ မွန်းလွဲ ၁၂ နာရီအထိ TVET Development Institute (TDI), Tech Park 151, အခန်း #၀၃-၀၁, D ဘလော့၊ ယောဂီကျောင်းလမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့တွင် Mid-Term Review Meeting ကိုကျင်းပပြုလုပ်ခဲ့ရာ ထိုအစည်းအဝေးတွင် အကောင် အထည်ဖော်ရန် စီစဉ်ထားသော လုပ်ငန်းစဉ်များ၊ လက်ရှိ အကောင်အထည်ဖော်ပြီးစီးမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆန်းစစ် သုံးသပ်ရန်အတွက် ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ အစည်းအဝေးသို့ MPTA အသင်းအလုပ်အမှုဆောင်များနှင့် အကြံပေးပုဂ္ဂိုလ်များတက်ရောက်ခဲ့ပြီး လုပ်ငန်း တိုးတက်မှု အခြေအနေများနှင့် အနာဂတ်လုပ်ငန်းစီမံချက်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။