MPTA Annual General Meeting and TVET Award Ceremony
မြန်မာနိုင်ငံ ပုဂ္ဂလိက သက်မွေးပညာအသင်း MPTA မှ ပြုလုပ်သော MPTA Annual General Meeting နှင့် TVET Award ချီးမြှင့်ပွဲ အခမ်းအနားအား ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက် (တနင်္ဂနွေနေ့) နေ့လည် ၁:၀၀ နာရီ မှ ညနေ ၅:၀၀ နာရီအထိ ရန်ကုန်မြို့၊ အလုံမြို့နယ်၊ Zealax Hotel တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားပထမပိုင်းတွင်
✅ MPTA ဥက္ကဌ ဆရာဦးအေးမင်းမင်း မှ အဖွင့် အမှာစကား ပြောကြားခြင်း
✅ MPTA ၏ Secretary ဆရာမဒေါ်ဆွေဆွေတင့် မှ Organization Development & Skills Development Projects များအတွက် ၂၀၂၅ ခုနှစ်လုပ်ငန်းအောင်မြင်မှုများ နှင့် ၂၀၂၆ ခုနှစ် အတွက် လုပ်ငန်းအစီအစဉ်များကို တင်ပြခြင်း
✅ MPTA ၏ CC Committee ဆရာမဒေါ်ယဉ်ယဉ်အေး မှ Coordination and Collaboration လုပ်ငန်းစဉ်များ အတွက် ၂၀၂၅ ခုနှစ်လုပ်ငန်းအောင်မြင်မှုများ နှင့် ၂၀၂၆ ခုနှစ် အတွက် လုပ်ငန်းအစီအစဉ်များကို တင်ပြခြင်း
✅ MPTA ၏ PR Committee ဆရာမဒေါ်သွေးသွေးမောင် မှလည်း Public Relations & Member Organizing လုပ်ငန်းစဉ်များ အတွက် ၂၀၂၅ ခုနှစ်လုပ်ငန်းအောင်မြင်မှုများ နှင့် ၂၀၂၆ ခုနှစ် အတွက် လုပ်ငန်းအစီအစဉ်များကို တင်ပြခြင်း
✅ MPTA ၏ TT Committee ဆရာဦးထက်အာကာကျော် မှ Technical & Training လုပ်ငန်းစဉ်များ အတွက် ၂၀၂၅ ခုနှစ်လုပ်ငန်းအောင်မြင်မှုများ နှင့် ၂၀၂၆ ခုနှစ် အတွက် လုပ်ငန်းအစီအစဉ်များကို တင်ပြခြင်း
✅ MPTA ၏ Treasurer ဆရာမ ဒေါ်ဆွေဆွေသင်းမှ ဘဏ္ဍာရေးအစီရင်ခံစာများ နှင့် ၂၀၂၆ ခုနှစ် အတွက် အစီအစဉ်များကို တင်ပြခြင်း
အစရှိသည့် အခမ်းအနား အစီအစဉ်များဖြင့် ပြုလုပ်ကျင်းပခဲ့ပါသည်။
ထို့နောက် MPTA အသင်းဝင်များ မှ မေးခွန်းများ နှင့် အကြံပြုချက်များကို အပြန်အလှန် ဆွေးနွေးပြီး နောက် အစားအသောက်များဖြင့် တည်ခင်းဧည့်ခံပြီး အခမ်းအနား ပထမပိုင်း ကို ရပ်နားခဲ့ပါသည်။
ထို့နောက်တွင် ဒုတိယပိုင်း အခမ်းအနား အစီအစဉ်အနေဖြင့် TVET Award ဆုချီးမြှင့်ပွဲ ကို ဆက်လက်ကျင်းပခဲ့ပါသည်။
အဆိုပါ အခမ်းအနား ဒုတိယပိုင်းအခမ်းအနား တွင်
✅ TVET Award Committee ဝင် တစ်ဦး ဖြစ်သည့် ဆရာ ဦးဘုန်းကျော်မှ TVET Award ဆိုင်ရာ အကြောင်းအရာများနှင့် ဆုရွေးချယ်ခြင်း ပုံစံများအား ရှင်းလင်း တင်ပြခြင်း
✅ TVET Award ဖန်တီးသူများအား အသိအမှတ်ပြု ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ခြင်း
✅ TVET Award ဆုရရှိသူများ ကို ကြေညာခြင်း နှင့် ဆုချီးမြှင့်ပေးအပ်ခြင်း
✅ TVET Award ဆုရရှိသူများ မှ အမှတ်တရ စကားများ ပြောကြားခြင်း
✅ Sub-Committee အဖွဲ့ဝင်များအား ဂုဏ်ပြုဆုလက်မှတ်များ ဆုချီးမြှင့်ခြင်း
အစရှိသည့် အခမ်းအနား အစီအစဉ်များဖြင့် ပြုလုပ်ကျင်းပခဲ့ပါသည်။
နိဂုံးချုပ်အနေဖြင့် အခမ်းအနားတက်ရောက်ခဲ့သူများထဲမှ ဒေါက်တာဇော်နိုင် မှ အပိတ်အမှာစကား ပြောကြားခဲ့ပြီး နောက် တက်ရောက်သူများနှင့်အတူ အဖွဲ့လိုက် မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ပါသည်။
MPTA Annual General Meeting နှင့် TVET Award ချီးမြှင့်ပွဲ အခမ်းအနားအား တက်ရောက်ပေးခဲ့ကြပါသော MPTA အဖွဲ့ဝင်များ နှင့် ဧည့်သည်တော်များအားလုံးကို MPTA မှ ကျေးဇူးအထူးတင်ရှိပါသည်။