You Here!
  • Home
  • ActivitiesMRCCI နှင့် MPTA တို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခြင်း

MRCCI နှင့် MPTA တို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခြင်း

မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍနှင့် နည်းပညာ/အသက်မွေးဝမ်းကျောင်း ပညာရေးနှင့် လေ့ကျင့်ရေး (TVET) ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) နှင့် မြန်မာနိုင်ငံ ပုဂ္ဂလိကသက်မွေးပညာအသင်း (MPTA) တို့ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဇူလိုင်လ ၁၈ ရက်နေ့ တွင် ၈၇ လမ်း၊ ၃၃-၃၄ လမ်းကြား၊ MRCCI ရုံးခန်းမတွင် နှစ်ဖက် အသင်းအမှုဆောင်များတက်ရောက်ပြီး MPTA ဥက္ကဌ ဦးအေးမင်းမင်းနှင့် MRCCI ဥက္ကဌ ဦးတင်လတ်တို့ လက်မှတ်ရေးထိုးခဲ့ကြပါသည်။

အဆိုပါ နားလည်မှုစာချွန်လွှာအရ စံချိန်စံညွှန်းမီ TVET ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ရန်၊ ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသည့် သင်ရိုးညွှန်းတမ်းများကို စနစ်တကျ အကောင်အထည်ဖော်ရန်၊ စက်မှုလုပ်ငန်းကဏ္ဍရှိ သင်တန်းပို့ချသူများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရန်၊ TVET သင်တန်းဆင်းများ၏ အရည်အသွေးကို မြှင့်တင်ပေးပြီး စက်မှုလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများနှင့် ထိရောက်စွာ ချိတ်ဆက်ပေးနိုင်မည့် ရေရှည်တည်တံ့သော လမ်းကြောင်းများ ဖန်တီးပေးရန် ပူးပေါင်းဆောင်ရွက်အကောင်အထည်ဖော်သွားမည် ဖြစ်ပါသည်။

Leave A Comment