You Here!
  • Home
  • ActivitiesSocial Business Online Webinar အောင်မြင်စွာ ကျင်းပပြီးစီးခြင်း

Social Business Online Webinar အောင်မြင်စွာ ကျင်းပပြီးစီးခြင်း

September 27, 2026 office team 0 Comments

Myanmar Private TVET Association (MPTA) ၏ Public Relations Committee မှ စီစဉ်ကျင်းပသော “Social Business” Free Online Webinar ကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက် (တနင်္ဂနွေနေ့) တွင် Zoom Platform မှတစ်ဆင့် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

အစီအစဉ်ကို MPTA ၏ ဒုတိယဥက္ကဋ္ဌ (၂) ဒေါ်သွေးသွေးမောင် မှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး Webinar ၏ ရည်ရွယ်ချက်နှင့် MPTA ၏ အသင်းဝင်များအတွက် ဆောင်ရွက်ပေးလျက်ရှိသော Professional Development အစီအစဉ်များကို မျှဝေပေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသော MPTA အသင်းဝင်များမှ တစ်ဦးနှင့်တစ်ဦး မိတ်ဆက်ကြပြီး အစီအစဉ်ကို စိတ်ဝင်စားစွာ ဆက်လက်ပါဝင်ခဲ့ကြပါသည်။

ယခု Webinar တွင် ​ ဆရာ ဒေါက်တာဇော်နိုင်မှ Speaker အဖြစ် ပါဝင်ဟောပြောခဲ့ပြီး Social Business ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော အသိပညာများနှင့် လက်တွေ့အတွေ့အကြုံများကို မျှဝေပေးခဲ့ပါသည်။

Webinar ကို ၁ နာရီခွဲဝန်းကျင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံအနှံ့ရှိ MPTA အသင်းဝင်များ တက်ရောက်ခဲ့ကြပါသည်။ အသင်းဝင်များ၏ တက်ကြွစွာ ပါဝင်အားပေးမှုကြောင့် Webinar သည် အသိပညာများ မျှဝေဖလှယ်နိုင်သည့် အကျိုးရှိသော အစီအစဉ်တစ်ခုအဖြစ် အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။

MPTA အနေဖြင့် အသင်းဝင်များ၏ အသိပညာနှင့် စွမ်းရည်မြှင့်တင်ရေး၊ TVET ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့ကို အထောက်အကူပြုမည့် Webinar များနှင့် Professional Development အစီအစဉ်များကို ဆက်လက်စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အဖိုးတန်အသိပညာများကို မျှဝေပေးခဲ့သည့် ဆရာဒေါက်တာဇော်နိုင်၊ အဖွင့်အမှာစကား ပြောကြားပေးခဲ့သည့် ဒုတိယဥက္ကဋ္ဌ (၂) ဒေါ်သွေးသွေးမောင်၊ အစီအစဉ်ကို စီစဉ်ဆောင်ရွက်ပေးခဲ့သည့် MPTA Public Relations Committee နှင့် Webinar သို့ တက်ကြွစွာ ပါဝင်တက်ရောက်ပေးခဲ့ကြသော MPTA အသင်းဝင်များအားလုံးကို မြန်မာနိုင်ငံပုဂ္ဂလိက သက်မွေးပညာအသင်း (MPTA) မှ အထူးကျေးဇူးတင်ရှိပါသည်။

Leave A Comment