မြန်မာနိုင်ငံပုဂ္ဂလိကသက်မွေးပညာအသင်း (MPTA) ၏ ၁၀ နှစ်ပြည့် အခမ်းအနား (မကွေး)

    You Here!
  • Home
  • Activitiesမြန်မာနိုင်ငံပုဂ္ဂလိကသက်မွေးပညာအသင်း (MPTA) ၏ ၁၀ နှစ်ပြည့် အခမ်းအနား (မကွေး)

မြန်မာနိုင်ငံပုဂ္ဂလိကသက်မွေးပညာအသင်း (MPTA) ၏ ၁၀ နှစ်ပြည့် အခမ်းအနား (မကွေး)

December 19, 2024 admin Comments Off

မြန်မာနိုင်ငံပုဂ္ဂလိကသက်မွေးပညာအသင်း (MPTA) ကြီး၏ တည်ထောင်ခြင်း ၁၀ နှစ်ပြည့် အခမ်းအနား (မကွေး) (10th Anniversary of Myanmar Private TVET Association – Magway) ကို ၁၉ ရက်နေ့ ဒီဇင်ဘာလ ၂၀၂၄ တွင် နန်းထိုက်သူ၊ မကွေးမြို့တွင် အောင်မြင်စွာကျင်းပခဲ့ပါသည်။

မြန်မာနိုင်ငံပုဂ္ဂလိကသက်မွေးပညာအသင်း (MPTA) ၏ ၁၀ နှစ်ပြည့် အခမ်းအနား (မကွေး) ကို

  • EC Members များ
  • အသင်းဝင်ဆရာ၊ဆရာမများ
  • မိတ်ဖက် Partners များ
  • သတင်း ၊ Media များ နှင့်
  • ဖိတ်ကြားထား‌သော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အခမ်းအနားတွင် အသင်း၏ ဥက္ကဌ ဦးအေးမင်းမင်းမှ အဖွင့်အမှာစကားကို Video Conferencing ဖြင့် ပြောကြားပေးခဲ့ပြီး အသင်း၏ ဘဏ္ဍာရေးမှုး ဒေါ်ဆွေဆွေသင်းမှ MPTA ၁၀ နှစ်တာကာလ လှုပ်ရှားမှုများ နှင့် အောင်မြင်မှုများအား မျှဝေပေးခဲ့ပါသည်။ ထို့နောက် Building Skills Workforce : Regional Best Practice ခေါင်းစဉ်ဖြင့် မကွေးတိုင်းကိုယ်စလှယ် ဒေါ်ဝတ်ရည်ထွန်းမှ ဆွေးနွေးဝေမျှပေးခဲ့ပါသည်။ ဆက်လက်၍ Knowledge Sharing Seminars များကို အောက်ပါ ခေါင်းစဉ်များဖြင့် ဆွေးနွေးပြောကြားခဲ့ကြပါသည်။ ဆရာမ ဒေါ်နုယဉ်ကြည် မှ TVET Curriculum Development ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဆရာမဒေါ်ငြိမ်းအေးသူ မှ Vocational Skills Training ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဆရာမဒေါ်စုစုနွယ် မှ Skills Assessment ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေးဝေမျှပေးခဲ့ကြပါသည်။ ထို့နောက်တွင် MPTA ၏ မိတ်ဖက်ဖြစ်သော Business Association, Magway နှင့် MoU လက်မှတ်‌ ရေးထိုးခဲ့ကြပါသည်။ ထို့နောက် စွန့်ဦးတီထွင်လုပ်ငန်းနှင့်ကျွမ်းကျင်မှုဖွံ့ဖြိုးရေး အကြောင်းအရာအား ဂဠုန်မင်း (ချည်ထည်မှ) ဦးပြည့်ဖြိုးဗိုလ် မှ အတွေ့အကြုံများကို ဝေမျှဆွေးနွေးပေးခဲ့ပါသည်။ အပိတ်အမှာစကားအနေဖြင့် Edu Business Academy မှ ဆရာကြီးဦးသန့်ဇင်မှ ဂုဏ်ပြုစကားများ မျှဝေပေးခဲ့ပါသည်။ ထို့နောက်တွင် တက်ရောက်လာကြသော ဧည့်သည်တော်များနှင့်အတူ အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးကာ မြန်မာနိုင်ငံပုဂ္ဂလိကသက်မွေးပညာအသင်း (MPTA) ၏ ၁၀ နှစ်ပြည့် အခမ်းအနား (မကွေး) ကို အောင်မြင်စွာ ကျင်းပခဲ့ကြပါသည်။