You Here!
  • Home
  • ActivitiesEffective Teaching of Generic and Industrial Competency & Curriculum Orientation Workshop

Effective Teaching of Generic and Industrial Competency & Curriculum Orientation Workshop

February 7, 2025 office team 0 Comments

မြန်မာနိုင်ငံပုဂ္ဂလိကသက်မွေးပညာအသင်း (MPTA) မှ ကြီးမှူး၍ “Effective Teaching of Generic and Industrial Competency and Curriculum Orientation Workshop” အား  ဖေဖော်ဝါရီလ ၅ ရက်နေ့ ၂၀၂၅ ခုနှစ် မှ ဖေဖော်ဝါရီလ ၇ ရက်နေ့ ၂၀၂၅ ခုနှစ် အထိ (၃) ရက်ကြာ ရန်ကုန်မြို့ ပြည်လမ်းရှိ စကားဝါ သင်တန်းခန်းမ Regency Office Tower တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ Effective Teaching of Generic and Industrial Competency and Curriculum Orientation Workshop အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ပုဂ္ဂလိက သက်မွေးပညာအသင်း (MPTA) ၏ ဥက္ကဌ ဆရာ ဦးအေးမင်းမင်းမှ Generic and Industrial Competency Skills များနှင့်ပတ်သက်၍ Development Process, Competency Category, Safety at Work, Principle of 5S, Workplace Communication, Customer Services, Teamwork စသည့် အကြောင်းအရာများကို သင်ကြားပို့ချခဲ့ပြီး သင်တန်း တက်ရောက်သူများမှ လက်တွေ့ လေ့ကျင့်သင်ယူမှုများပြုလုပ်ခဲ့ကြပါသည်။

ထိုအလုပ်ရုံဆွေးနွေးပွဲသို့ ရန်ကုန်မြို့ ရှိ Women Fashion Tailoring, Hair and Facial Treatment, Bakery & Pastry, Nurse-Aide နှင့် Electrical Wiring Installation အစရှိသော နယ်ပယ်အသီးသီးမှ Employers များနှင့် Professional Trainers ဆရာ/ ဆရာမများ တက်ရောက်ပြီး တက်ကြွစွာ ပါဝင် ဆွေးနွေးခဲ့ကြပါသည်။

Leave A Comment