Annual General Meeting by MPTA

Annual General Meeting by MPTA

March 27, 2025 admin Comments Off

မြန်မာနိုင်ငံ ပုဂ္ဂလိက သက်မွေးပညာ အသင်း (MPTA) ၏ အသင်းသား စုံညီ နှစ်ပတ်လည် အထွေထွေအစည်းအဝေး (Annual General Meeting) အား ၂၀၂၅ ခုနှစ်၊ မတ်လ၊ ၂၇ ရက်နေ့ (ကြာသပတေးနေ့) တွင် နေ့လည် ၁ နာရီ မှ ၄ နာရီ အထိ Online (Zoom Platform) ဖြင့် အောင်မြင်စွာ ပြုလုပ်ကျင်းပခဲ့ပါသည်။

အဆိုပါ အစည်းအဝေးတွင် MPTA ၏

  • အကြံပေးအဖွဲ့ဝင်များ ၊
  • အမှုဆောင် ကော်မတီဝင်များ နှင့်
  • အနယ်နယ် အရပ်ရပ်မှ အသင်းသားများ online ဖြင့် ပါဝင် တက်ရောက်ခဲ့ကြပါသည်။
Annual General Meeting တွင်

  • MPTA ၏ ဉက္ကဌ ဦးအေးမင်းမင်းမှ အဖွင့်အမှာစကားပြောကြားခြင်း
  • MPTA ၏ ဒုတိယဉက္ကဌ (၂) ဒေါ်သွေးသွေးမောင် မှ MPTA Achievements and Activities in 2024 နှင့် ပတ်သတ်၍ မျှဝေပေးခြင်း
  • MPTA အသင်း၏ ဘဏ္ဍာရေးမှူး နှင့် စာရင်းစစ် ဒေါ် ဆွေဆွေသင်း မှ ၂၀၂၄ ခုနှစ် MPTA အသင်း၏ ဘဏ္ဍာရေးစာရင်းရှင်းတမ်းများကို ဝေမျှခြင်း
  • MPTA ၏ ဒုတိယဉက္ကဌ (၁) ဦးသန်းထွန်းဇော်မှ ၂၀၂၅ ခုနှစ်အတွက် MPTA ၏ လျာထားချက်များကို ပြောကြားခြင်း
  • အသင်းဝင်ဆရာ ဆရာမများ၏ မေးခွန်းများ နှင့် အကြံပေးချက်များကို ပြန်လည်ဖြေကြားဆွေးနွေးခြင်း
  • MPTA ၏ အကြံပေးတစ်ဦး ဖြစ်သူ TVET Development Institute မှ Chief Operating Officer ဦးဘုန်းကျော် မှ နှုတ်ဆက်အမှာစကားပြောကြားခြင်း နှင့်
  • 2024 MPTA Activities များတွင် Sub-Comittee အသီးသီး ၌ ပါဝင်​ဆောင်ရွက်​ပေးခဲ့​သော EC မဟုတ်သော အသင်းဝင်များအား Certificate များ ဖြင့်ဂုဏ်ပြု ချီးမြှင့် ပေးအပ်ခြင်း
  • မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်း အစရှိသည့် အစီအစဉ်များဖြင့် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

ထိုသို့ Annual General Meeting သို့ Online ဖြင့် အချိန်ပေးတက်ရောက်ခဲ့ကြပါသော MPTA ၏ အကြံပေးအဖွဲ့ဝင်များ ၊ အမှုဆောင် ကော်မတီဝင်များ နှင့် အနယ်နယ် အရပ်ရပ်မှ အသင်းသားများ အားလုံးကို MPTA မှ ကျေးဇူးအထူးတင်ရှိပါသည်။