ကမ္ဘာ့လုပ်ငန်းခွင် ဘေးကင်းကျန်းမာရေးနေ့ အခမ်းအနားအောင်မြင်စွာ ပြီးစီးခြင်း
ဧပြီလ ၂၈ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့လုပ်ငန်းခွင် ဘေးကင်းကျန်းမာရေးနေ့ အထိမ်းအမှတ်အနေဖြင့် WSH Myanmar နှင့် မြန်မာနိုင်ငံပုဂ္ဂလိကသက်မွေးပညာအသင်း (MPTA) တို့ ပူးပေါင်း၍ “World Safety Day” အခမ်းအနား ကို ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၇) ရက်နေ့ (တနဂ်နွေနေ့) တွင် လှိုင်မြို့နယ်၊ ယောဂီကျောင်းလမ်း ရှိ TVET Development Institute (TDI) ခန်းမ၌ အောင်မြင်စွာ ပြုလုပ်ကျင်းပခဲ့ပါ သည်။ အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံ ပုဂ္ဂလိက သက်မွေးပညာအသင်း (MPTA)၏ ဥက္ကဌ ဦးအေးမင်းမင်မှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး WSH Myanmar မှ တာဝန်ရှိသူများ၊ MPTA မှ အသင်းဝင် ဆရာ ဆရာမများ၊ TDI မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။
“World Safety Day” အခမ်းအနားသို့ တက် ရောက်ပေးခဲ့သော ဆရာ၊ ဆရာမများအားလုံးကို MPTA ကိုယ်စား ကျေးဇူးအထူးတင်ရှိပါသည်။