You Here!
  • Home
  • ActivitiesDPDO နှင့် MPTA တို့ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများအတွက် အစည်းအဝေးပြုလုပ်ခြင်း

DPDO နှင့် MPTA တို့ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများအတွက် အစည်းအဝေးပြုလုပ်ခြင်း

Disable People’s Development Organization (DPDO) နှင့် မြန်မာနိုင်ငံ ပုဂ္ဂလိက သက်မွေးပညာ အသင်း (MPTA) တို့သည် ၂၀၂၅ ခုနှစ်၊ မေလ ၆ ရက် (အင်္ဂါနေ့) နေ့လည် ၁:၅၅ မှ ၃:၃၀ နာရီအထိ DPDO ရုံးတွင် MOU သဘောတူ စာချုပ် ချုပ်ဆိုပြီးနောက် အနာဂတ်တွင် ပူးပေါင်းဆောင် ရွက်မည့် လုပ်ငန်းစဉ်များအတွက် ဆွေးနွေးခဲ့ကြပါသည်။  

အဆိုပါ အစည်းအဝေးသို့ DPDO မှ တာဝန်ရှိသူများနှင့် MPTA မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မသန်စွမ်းသူ များ၏ ဘဝအရည်အသွေး မြှင့်တင်ရေးနှင့် သက်မွေးပညာ ရေး အခွင့်အလမ်းများ တိုးချဲ့ရန်အတွက် အဓိကထား၍ အစီ အစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။

ဤအစည်းအဝေးမှ တစ်ဆင့် အဖွဲ့အစည်းနှစ်ရပ် သည် မသန်စွမ်းသူများ၏ လူမှုစီးပွားရေး အခြေအနေ မြှင့် တင်ရန်နှင့် သက်မွေးပညာရေး အခွင့်အလမ်းများ တိုးမြှင့် ပေးရန် ပိုမိုထိရောက်သော လုပ်ငန်းစဉ်များ အကောင် အထည် ဖော်သွားမည်ဟု သဘောတူညီခဲ့ကြပါသည်။  

Leave A Comment