You Here!
  • Home
  • ActivitiesZabai နှင့် Myanmar Private TVET Association (MPTA) တို့ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးကျင်းပခဲ့ခြင်း

Zabai နှင့် Myanmar Private TVET Association (MPTA) တို့ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးကျင်းပခဲ့ခြင်း

Zabai Company Limited နှင့် မြန်မာနိုင်ငံ ပုဂ္ဂလိက သက်မွေးပညာအသင်း (MPTA) တို့ သည် မေလ ၁၉ ရက် (တနင်္လာနေ့)၊ ၂၀၂၅ ခုနှစ်တွင် Zabai Company Limited ၌ MOU သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ဆက်လက်၍ အနာဂတ်ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ် များကို ဆွေးနွေးခဲ့ရာ TVET သင်ရိုးညွှန်းတမ်းများ ဒီဂျစ်တယ် ပြောင်းလဲရေးအတွက် နည်းပညာ အထောက် အပံ့ခြင်း၊ အောင်မြင်သော ကျွမ်းကျင်မှုဖွံ့ဖြိုးရေး ပုံစံများ မြှင့်တင်ခြင်း၊ အချက်အလက်များ ဖလှယ်ခြင်း နှင့် ပူးပေါင်း ဆောင်ရွက်မှုများ၊ အမျိုးသမီးဖက်ရှင်အလှပြင်၊ အရောင်း ဝန်ထမ်းလေ့ကျင့်ရေး အစရှိသည့် သက်မွေးပညာ သင်တန်း များ ဒီဂျစ်တယ်ပြောင်းလဲခြင်း၊ TVET ဒီဂျစ်တယ်ပလက် ဖောင်းမြှင့်တင်ခြင်း၊ လုပ်ငန်းခွင်နှင့် ချိတ်ဆက်သည့် လုပ် ငန်းစဉ်များနှင့် လူငယ်များအတွက် သက်မွေးပညာ သင် တန်းများစီစဉ်ခြင်း အစရှိသည်တို့ကိုဆွေးနွေးခဲ့ကြပါသည်။ 

ဤပူးပေါင်း ဆောင်ရွက်မှုသည် မြန်မာနိုင်ငံ၏ သက်မွေး ပညာရေးကဏ္ဍတွင် အရည်အသွေး ပြည့်ဝသော လုပ်သားအင်အားစုများ မွေးထုတ်နိုင်ရေးနှင့် Digital Learning planform များ ဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူပြုမည့်အရေးကြီးသောလုပ်ငန်းစဉ် တစ်ရပ် ဖြစ်ပါကြောင်း ဆွေးနွေး ညှိနှိုင်းခဲ့ကြပါသည်။

Leave A Comment