MYANWEN နှင့် MPTA တို့ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများအတွက် အစည်းအဝေး ပြုလုပ်ခြင်း
Myanmar Women Entrepreneurs Network (MYANWEN) နှင့် မြန်မာနိုင်ငံပုဂ္ဂလိက သက်မွေးပညာအသင်း (MPTA) တို့သည် မေလ ၂၂ ရက် (ကြာသပတေးနေ့)၊ ၂၀၂၅ ခုနှစ် နေ့လည် ၁:၀၀ မှ ၂:၃၀ အထိ MYANWEN ရုံးချုပ်တွင် MOU သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ရာ အစည်းအဝေးတွင် MYANWEN နှင့် MPTA တို့မှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြပြီး အနာဂတ် ပူးပေါင်ဆောင်ရွက်မည့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို ဆွေးနွေးရာ နည်းပညာနှင့် သက်မွေးပညာရေး၊ အမျိုးသမီး စွမ်းရည်မြှင့်တင်ရေး နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို အပြန် အလှန် ဆွေးနွေးခဲ့ကြပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံရှိ အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များ၏ စွမ်းရည်မြှင့်တင်ရေးနှင့် သက်မွေးပညာရေး ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လိမ့်မည် ဖြစ်ပါသည်။