ရေသန့်စက်လှူဒါန်းခြင်း
မြန်မာနိုင်ငံပုဂ္ဂလိက သက်မွေးပညာအသင်း MPTA အသင်းဝင်များနှင့် မိတ်ဆွေများ စုပေါင်း၍ ၂၈.၅.၂၀၂၅ တွင် စစ်ကိုင်းမြို့၊ ဇေယျာကွက်သစ်ရှိ “မြို့ဦးကျောင်းတိုက်”၏ သံဃာတော်များနှင့် ဇေယျာရပ်ကွက်နေ လူမျိုးဘာသာမရွေး ပြည်သူများအတွက် ဆိုလာ ပါဝါ၊ ရေသန့်စက်၊ အဆောက်အဦး နှင့် ၂၀ လီတာဝင် ရေသန့်ဘူးများကို အားလုံးကိုယ်စား MPTA အသင်းဝင်များမှ သွားရောက် လှူဒါန်းခဲ့ ပါသည်။
ထို့နောက် ပြည်သူများသောက်သုံးရန် သင့်မသင့် ရေအရည်အသွေးများကိုလည်း တစ်ပါတည်း စမ်းသပ် စစ်ဆေးပေးခဲ့ပါသည်။ အဆိုပါ လှူဒါန်းမှုကို MPTA အသင်းဝင်များနှင့် မိတ်ဆွေများ သာဓုခေါ်ဆိုနိုင်စေရန် ဝေမျှပေးလိုက်ပါသည်။