Competency-Based Skills Standards Development Awareness Seminar
မြန်မာနိုင်ငံ ပုဂ္ဂလိကသက်မွေးပညာအသင်း (MPTA) နှင့် မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (Myanwen) ပူးပေါင်းပြီး SMEs Development အတွက် အခြေခံ လိုအပ်သော Competency-based skills standard ၏ အရေးကြီးပုံနှင့် အသုံးပြုပုံ ဆိုင်ရာ knowledge sharing seminar ကို ၂၀၂၅ ခုနှစ် သြဂုတ်လ၊ ၁၉ ရက်နေ့ တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပြည်လမ်းပေါ်ရှိ KMD Center ၌ နေ့လည် ၁ နာရီမှ ၃ နာရီ အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ Seminar တွင် MPTA အသင်း၏ အကြံပေးဘုတ်အဖွဲဝင် တစ်ဦးဖြစ်သူ ဆရာဦးကိုကိုနိုင်မှ competency-based skills standards development နှင့် ပတ်သတ်သော အကြောင်းအရာများကို ဝေမျှပေးခဲ့ကာ အသေးစား အလတ်စား SMEs လုပ်ငန်းရှင်ပေါင်း ၄၀ ကျော် တက်ရောက်ခဲ့ကြ ပြီး အပြန်အလှန် ဆွေးနွေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြပါသည်။