
“AI ဖြင့် ဝင်ငွေတိုးစေခြင်း – SME များအတွက် အခွင့်အလမ်းအသစ်” Webinar
မြန်မာနိုင်ငံပုဂ္ဂလိက သက်မွေးပညာအသင်း (MPTA) ၏ Public Relations Sub-Committee မှ စီစဉ်၍ “AI ဖြင့် ဝင်ငွေတိုးစေခြင်း — SME များအတွက် အခွင့်အလမ်းအသစ်” Webinar အား ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့ (စနေနေ့) တွင် Zoom Meeting ဖြင့် အောင်မြင်စွာ ပြုကျင်းပခဲ့ပါသည်။
အဆိုပါ Webinar အား အနယ်နယ်အရပ်ရပ် မှ MPTA အသင်းဝင် ၆၀ ကျော်တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် အစီအစဥ်အရ MPTA ၏ ဥက္ကဋ္ဌ ဦးအေးမင်းမင်းမှ အသင်းဝင်အားလုံကို အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားပြီး ဒုဥက္ကဋ္ဌ -၂ ဒေါ်သွေးသွေးမောင်မှ MPTA အသင်းအကြောင်းနှင့် ယနေ့ ပြုလုပ်ရသော Webinar ၏ ရည်ရွယ်ချက်များကို ပြောကြားပေးခဲ့ပါသည်။
ထိုနောက် Webinar ၏ Speaker ဖြစ်သူ Next Chapter CEO ကိုနေသူရိန်ကျော် (ကိုနေ) မှ AI နည်းပညာများကို အသုံးပြု၍ SME များအတွက် ဝင်ငွေတိုးစေခြင်းနည်းလမ်းများ၊ အွန်လိုင်းနည်းပညာမှ တစ်ဆင့် အခွင့်အလမ်းများ၊ AI tools များကို လက်တွေ့ အကျိုးရှိရှိအသုံးပြု၍ အောင်မြင်မှုများ ရရှိနိုင်ပုံများကို မျှဝေပြောကြားခဲ့ပါသည်။
အခမ်းအနားတွင် တက်ရောက်သူများမှ တက်ကြွစွာ ပါဝင်ဆွေးနွေးကာ မေးခွန်းများကို မေးမြန်းခဲ့ကြပြီး Next Chapter by Ko Nay မှ မေးခွန်းများကို ထိရောက်လွတ်လပ်စွာ ဖြေကြားပေးခဲ့ပါသည်။ ထို့နောက် သက်ဆိုင်ရာအကြံပြုချက်များလည်း တင်ပြခဲ့ပါသည်။
Webinar ၏ အပြီးတွင် Public Relations Sub-committee မှ တက်ရောက်သူများကို နောက်ထပ် အခမ်းအနားများအတွက် အသိပညာများ ပေးရန် မိမိတို့ သိလိုသော ခေါင်းစဥ်များ အကြံပြုကြရန်ပြောကြားခဲ့ပါသည်။
ယခု Online Webinar အား တက်ရောက်ပေးခဲ့ပါသော MPTA ၏ ဥက္ကဋ္ဌ ဦးအေးမင်းမင်း၊ ဒုဥက္ကဋ္ဌ -၂ ဒေါ်သွေးသွေးမောင်၊ Public Relations Sub-committee ၏ အသင်းဝင်များ၊ Webinar ကို ဟောပြောပေးသူ ကိုနေ နှင့်Webinar တွင် တက်ရောက်သော အသင်းဝင်များအားလုံး ကို MPTA မှ ကျေးဇူးအထူးတင်ရှိပါသည်။