ပဲခူးမြို့၏ TVET Awareness and MPTA Member Organizingအခမ်းအနား အောင်မြင်စွာ ပြီးဆုံးခြင်း
မြန်မာနိုင်ငံပုဂ္ဂလိက သက်မွေးပညာအသင်း (MPTA) မှ သွားရောက်ခဲ့သော Public Relation & Member Organizing Sub-Committee မှ ကြီးမှူးကျင်းပတဲ့ “TVET Awareness and MPTA Member Organizing ” အခမ်းအနားကို ပဲခူးမြို့၊ Parami Garden Restaurant တွင် ဒီဇင်ဘာလ ၁၄ ရက်နေ့ (တနင်္ဂနွေနေ့) မှာ မနက် ၉း၃၀ နာရီကနေ နေ့လည် ၁၂း၀၀ နာရီအထိ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ထိုအခမ်းအနား အစီအစဥ်အရ ပထမဦးစွာ MPTA ၏ ဒုတိယဥက္ကဋ္ဌ ဒေါ်သွေးသွေးမောင်မှ အဖွင့်အမှာ စကားပြောကြားပြီး MPTA စတင်ပေါ်ပေါက်လာပုံ၊ ရည်ရွယ်ချက်၊ လုပ်ငန်းဆောင်တာများ၊ အသင်းဝင်အမျိုးအစားများ၊ ဆောင်ရွက် ပြီးစီးခဲ့သောနှင့် ဆောင်ရွက်လျက်ရှိသော သက်မွေးပညာနှင့် သက်ဆိုင်သည့် သင်တန်းများ၊ Project များကို အကျယ်တဝင့် ရှင်းလင်းတင်ပြပေးခဲ့ပါသည်။ ဆက်လက်ပြီး Public Relation & Member Organizing Sub-Committee မှ ဒေါ်အိအိဇင်၊ ဒေါ်ခင်ခင်ဌေးနှင့် Collaboration & Cooperation Sub-Committee မှ ဦးထွန်းလွင်ဦးတို့မှ မိတ်ဆက် စကားများ ပြောကြားခဲ့ပြီး MPTA website တွင်ဖော်ပြထားသော Career Counselling အကြောင်း အရာများ ကိုလည်း စိတ်ဝင်စားဖွယ်ရာ ဝေမျှဆွေးနွေးပေးခဲ့ပါတယ်။ တက်ရောက်လာသူများ၏ သိလိုသည်များကို MPTA အဖွဲ့ဝင်များမှ ကဏ္ဍအလိုက် ပြန်လည် ဆွေးနွေးဖြေကြားပေးခဲ့ကြပါသည်။
ထို့နောက် ပဲခူးမြို့တွင်း ပညာရေး၊ စီးပွားရေးနှင့် လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်း များ ပိုမိုတိုးတက်စေဖို့ ရည်ရွယ်ပြီး MPTA နှင့် လက်တွဲပူးပေါင်းဆောင်ရွက်သွားကြဖို့ ဖိတ်ခေါ်ခဲ့ပါသည်။ တက်ရောက်သူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
