GRET Myanmar, Covenant Institute တို့နှင့် Myanmar Private TVET Association (MPTA) တို့ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများ (MOU) နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးပွဲကျင်းပခဲ့ခြင်း
GRET Myanmar, Covenant Institute တို့နှင့် မြန်မာနိုင်ငံ ပုဂ္ဂလိကသက်မွေးပညာအသင်း (MPTA) တို့သည် MOU သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက် အနာဂတ်ပူးပေါင်းဆောင်ရွက်မည့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို ပူးပေါင်းလုပ်ဆောင် နိုင်ရန် MOU/MOA လက်မှတ်ထိုးပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် (ကြာသပတေးနေ့) မနက် ၉:၀၀ မှ ၁၂:၀၀ နာရီတွင် MELIA HOTEL ၌ ကျင်းပပြလုပ်ခဲ့ရာ GRET Myanmar, Covenant တို့နှင့် MPTA တို့မှ တာဝန်ရှိသူများ ပါဝင် တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ မြန်မာနိုင်ငံ ပုဂ္ဂလိကသက်မွေးပညာအသင်း (MPTA) ၏ ဥက္ကဌ ဦးအေးမင်းမင်းမှ အဖွင့် အမှာစကား ပြောကြားပြီး MPTA ၏ ဒုဥက္ကဌ ဦသန်းထွန်းဇော်မှ အသင်း၏ လက်ရှိ လုပ်ငန်း ဆောင်ရွက်ချက်များနှင့် လက်ရှိအချိန်တွင် အရည်အသွေးမြှင့်တင်ခြင်း၊ ဆက်သွယ်ညှိနှိုင်းခြင်းနှင့် စွမ်းရည်ဖွံ့ဖြိုးခြင်း စသည့် မဏ္ဍိုင်များပေါ်တွင် အောင်မြင်မှုရရှိထားပြီး၊ အနာဂတ်တွင် စံသတ်မှတ်ခြင်း၊ လုပ်ငန်းခွင်ချိတ်ဆက်ခြင်းနှင့် ဒစ်ဂျစ်တယ်ပြောင်းလဲခြင်း စသည့် ဗျူဟာမြောက် လမ်းကြောင်း များသို့ ဦးတည်လျက် ရှိခြင်းများပြောကြားခဲ့ပါသည်။ ထို့နောက် GRET Myanmar နှင့် Covenant Institute မှ တာဝန်ရှိသူများမှ နည်းပညာနှင့်သက်မွေးပညာရေး၊ မြန်မာနိုင်ငံဒေသတွင်း စွမ်းရည်မြှင့်တင်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။
ဤပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံ အနှံ့အပြားရှိ သက်မွေးပညာတွေ သင်ကြားပေးဖို့နှင့် အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ၏ စွမ်းရည်မြှင့်တင်ရေးနှင့် သက်မွေးပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါ သော အခန်းကဏ္ဍများပါဝင်မည်ဖြစ်ပါကြာင်း အသီးသီးပြောကြားခဲ့ပြီး MPTA နှင့် GRET Myanmar တို့မှ MOA လက်မှတ်ထိုးခြင်း MPTA နှင့် Covenant တို့ MOU လက်မှတ်ထိုးခြင်းပြီးနောက် ဆရာမကြီး ဒေါ်ခင်မာအေးမှ Closing Remark ဖြင့် ဂုဏ်ပြု နုတ်ဆက်စကားပြောကြားပြီး မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကာ နေ့လည်စာဖြင့် တည်ခင်းဧည့်ခံကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြပါသည်။