TVET Excellence Award 2025

December 21, 2025 office team 0 Comments

မြန်မာနိုင်ငံပုဂ္ဂလိက သက်မွေးပညာအသင်း MPTA မှ ကြီးမှူးပြုလုပ်သော TVET Excellence Award 2025 အကြောင်းနှင့် ပတ်သက်၍ ဒီဇင်ဘာလ ၂၁ ရက် ၂၀၂၅ (တနဂ်‌နွေနေ့) ည ၇ နာရီခွဲမှ ၈ နာရီခွဲ အထိ Zoom Meeting ဖြင့် ရှင်းလင်း ပြောကြားခဲ့ပါသည်။ 

အဆ်ိုပါ Meeting တွင် မြန်မာနိုင်ငံ ပုဂ္ဂလိက သက်မွေးပညာအသင်း (Myanmar Private TVET Association – MPTA) မှ သက်မွေးပညာ သင်ကြားရေး ဖွံ့ဖြိုးရေး စသည်များ လုပ်ကိုင်ဆောင်ရွက်နေသော မြန်မာနိုင်ငံသား မည်သူမဆို ပါဝင်ယှဥ်ပြိုင် အရွေးချယ်ခံနိုင်သော TVET Excellence Award 2025” ဝင်ရောက် ယှဉ်ပြုင်ရန်အတွက် လိုအပ်သည့်အချက်အလက်များကို အွန်လိုင်းဖြင့် ရှင်းလင်းပြောကြားပါသည်။ ထို့နောက် MPTA Advisory Board Member တစ်ဦးဖြစ်သည့် ဆရာ ဦးဘုန်း‌ကျော် မှ ဆယ်နှစ်ပြည့်တွင် ပေးအပ်ခဲ့သာဆုများအကြာင်းနှင့် ယခု 2025 ခုနှစ်အတွက် စီစဉ်ထားသော ဆုများလျှောက်ထားရန် အတွက်နှင့် ပေးအပ်မည့် ဆုတံဆိပ်ပစ္စည်းများကို အကျယ်တဝင့် ရှင်းပြပြီး ဆုများ‌လျှောက်ထားရန်အတွက် Google form မှ လိုအပ်သည်များ ဖြည့်စွက်ရန်အတွက် အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ပြီး အသင်းဝင်များနှင့် အသင်းဝင် မဟုတ်သည့်သူများပါ မည်သူမဆို ဒီဇင်ဘာ ၃၁ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားနိုင်ပါကြောင်း ရှင်းလင်းပြောကြား ခဲ့ပါသည်။ ထိုဆွေးနွေးပွဲကို မြန်မာနိုင်ငံနေရာ ဒေသအသီးသီးမှ MPTA အသင်းဝင်များ တက်ရောက်ခဲ့ကြ‌ပါသည်။ 

Leave A Comment