ငလျင်ဘေးသင့်ပြည်သူများသို့ မျှဝေလှူဒါန်းခြင်း
မြန်မာနိုင်ငံ ပုဂ္ဂလိကသက်မွေးပညာအသင်း (MPTA) နှင့် ပြည်တွင်းပြည်ပအလှုရှင်များမှ ငလျင်ဘေး သင့် ပြည်သူများသို့ မျှဝေလှူဒါန်းခြင်းအနေဖြင့် ဧပရယ်လ ၅ ရက် ၂၀၂၅ နေ့တွင် မန္တလေးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးများရှိ အကူအညီလိုအပ်နေသော နေရာများသို့ သွားရောက်လှူဒါန်းခဲ့ပါသည်။
မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများရှိ အိမ်ထောင်စု (၂၀၀) စာအတွက် လိုအပ်သော ပစ္စည်းများ ဖြစ်သည့် အိမ်သုံးဆေးဝါးများ၊ ငါးခြောက်ကြော်၊ ခေါက်ဆွဲခြောက်၊ ဆပ်ပြာခဲ၊ ခြင်ဆေး၊ ပိုက်ဖျာ၊ ခြင်ထောင်၊ အဝတ်အစားများ၊ အမျိုးလစဉ်သုံး ပစ္စည်းများနှင့် Mask များ အစရှိသည့် ပစ္စည်းများကို (လူမျိုးဘာသာမရွေး) သွားရောက်လှူဒါန်းခဲ့ပါသည်။ ဆက်လက်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ် အနေဖြင့် သောက်သုံးရေသန့်များ ရရှိနိုင်စေရန်အတွက် ငလျင်ဘေးသင့်ဒေသတွင် ရေသန့်စက် တည်ထောင်နိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။ ထည့်ဝင်လှူဒါန်းကြသူအားလုံး ဘေးအန္တရာယ် ကင်းရှင်းပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း MPTA မှ ဆုတောင်းပေးလိုက်ပါသည်။