You Here!
  • Home
  • Activities၂၀၂၆ ခုနှစ် အဲကွန်းကျွမ်းကျင်မှုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား

၂၀၂၆ ခုနှစ် အဲကွန်းကျွမ်းကျင်မှုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား

ရက်စွဲ: ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက်
နေရာ: ရန်ကုန်ကွန်ဗင်းရှင်းစင်တာ (Yangon Convention Center)

မြန်မာနိုင်ငံပုဂ္ဂလိကသက်မွေးပညာအသင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နှင့် အဲကွန်းလုပ်ကိုင်သူများအသင်းတို့ပူးပေါင်းကာ ရန်ကုန်ကွန်ဗင်းရှင်းစင်တာ (YCC) ၌ ၂၀၂၆ ခုနှစ်၊ အဲကွန်းကျွမ်းကျင်မှုပြိုင်ပွဲ (Air-Con Skills Competition 2026) ကို တရားဝင် စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါသည်။ ဤပြိုင်ပွဲသည် HVACR နယ်ပယ်ရှိ ထူးချွန်ထက်မြက်သည့် ကျွမ်းကျင်ပညာရှင်များ စုစည်းကာ ၎င်းတို့၏ အတတ်ပညာ၊ ဗဟုသုတနှင့် ကြိုးပမ်းအားထုတ်မှုများကို ထုတ်ဖော်ပြသကြမည့် ပွဲတစ်ခုဖြစ်ပါသည်။
အခမ်းအနားတွင် ရှေးဦးစွာ HVACR အသင်း၊ နည်းပညာကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့် က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံပုဂ္ဂလိကသက်မွေးပညာအသင်း MPTA ၏ဥက္ကဋ္ဌနှင့် ပြိုင်ပွဲ၏ ဂျူရီလူကြီးဖြစ်သူ ဦးအေးမင်းမင်းက ပြိုင်ပွဲကျင်းပမည့် အစီအစဉ်များ၊ ပြိုင်ပွဲဝင်များ လိုက်နာရမည့် စည်းကမ်းချက်များနှင့် အကဲဖြတ်ဒိုင်များအတွက် ကျင့်ဝတ်စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ဤပြိုင်ပွဲ၏ ရည်ရွယ်ချက်မှာ “HVAC-R လုပ်ငန်း၏ အဆင့်မြင့်မားသော ကျွမ်းကျင်မှု၊ ဘေးအန္တရာယ်ကင်းရှင်းမှုနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ စံနှုန်းများကို ဖော်ထုတ်ပြသရန်၊ အကဲဖြတ်ရန်နှင့် မြှင့်တင်ရန်ဖြစ်ပြီး HVACR လုပ်ငန်းကဏ္ဍတစ်ခုလုံး အရည်အသွေး မြင့်မားလာစေရန်” ဖြစ်ပါသည်။
ပြုင်ပွဲကို မတ်လ ၆ ရက် ​နေ့နှင့် ၇ ရက် ​နေ့ များတွင် ကျင်းပသွားမည် ဖြစ်ပြီး ဆု​ပေးပွဲ အခမ်းအနားအား မတ်လ ၈ရက်​နေ့ ည​နေ ၃ နာရီ တွင် ကျင်းပသွားမည် ဖြစ်ပါသည်။
ပြိုင်ပွဲဝင်အားလုံး အကောင်းဆုံး ယှဉ်ပြိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်သလို ရင်ခုန်စိတ်လှုပ်ရှားဖွယ် နည်းပညာအတွေ့အကြုံကောင်းများ ရရှိမည့် ပြိုင်ပွဲကြီးဖြစ်လာရန်လည်း မျှော်လင့်မိပါသည်။

Leave A Comment