အဲကွန်းကျွမ်းကျင်မှုပြိုင်ပွဲ ၂၀၂၆: ဒုတိယနေ့ အောင်မြင်စွာဆက်လက်ကျင်းပခြင်း
ရက်စွဲ – ၂၀၂၆ ခုနှစ်၊ မတ်လ (၇) ရက်
နေရာ – ရန်ကုန်ကွန်ဗင်းရှင်းစင်တာ (Yangon Convention Center)
၂၀၂၆ ခုနှစ်၊ အဲကွန်းကျွမ်းကျင်မှုပြိုင်ပွဲ (Air-Con Skills Competition 2026) ၏ ဒုတိယနေ့ကို ရန်ကုန်ကွန်ဗင်းရှင်းစင်တာ (YCC) တွင် စိတ်လှုပ်ရှားဖွယ် ဆက်လက်ကျင်းပခဲ့ပါသည်။
ယနေ့ယှဉ်ပြိုင်မှုတွင် ပြိုင်ပွဲဝင်များသည် အဲကွန်းစနစ်များ၏ ချို့ယွင်းချက်များကို ရှာဖွေပြုပြင်ခြင်း (Fault Finding) ကဏ္ဍကို ယှဥ်ပြိုင်ခဲ့ကြပါသည် _
ဆုရရှိသူများအား ရွေးချယ်ခြင်းနှင့် ဂုဏ်ပြုခြင်း
ပြိုင်ပွဲနှစ်ရက်တာအတွင်း ထူးချွန်စွာ ယှဉ်ပြိုင်နိုင်ခဲ့သူများကို ကျွမ်းကျင်သူများက စနစ်တကျ အမှတ်ပေးအကဲဖြတ်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရှင်များကို ရွေးချယ်ခဲ့ပြီး ဖြစ်ပါသည်။ ဆုပေးပွဲအခမ်းအနားကို မတ်လ (၈) ရက်နေ့တွင် ကျင်းပပြုလုပ် သွားမည် ဖြစ်ပါသည်။
အတွေ့အကြုံနှင့် ရင်တွင်းစကားများ
ပြိုင်ပွဲဝင်များ၏ ကြိုးစားအားထုတ်မှု၊ ရရှိလာသော အတွေ့အကြုံများနှင့် ၎င်းတို့၏ ရင်တွင်းခံစားချက်များကိုလည်း မှတ်တမ်းတင် ဗွီဒီယိုများ ရိုက်ကူးခဲ့ကြပါသည်။ ပြိုင်ပွဲဝင် နည်းပညာရှင်များအားလုံးကို ဂုဏ်ပြုလိုက်ရပါသည်။