Private TVET as a Catalyst for Myanmar’s Green Transition Pannel Discussion ကျင်းပပြုလုပ်ခြင်း
ရက်စွဲ: မတ်လ ၈ရက်၊ ၂၀၂၆
နေရာ: Yangon Convention Center, Inya Lake Hotel
အချိန်: နေ့လည် ၁ နာရီမှ ၃ နာရီထိ
“Myanmar 8 Build Expo/ MEPGE Expo” ပွဲကြီးကို ရန်ကုန်မြို့အင်းလျားလိတ်ဟိုိုယ်ရှိ YCC ခန်းမတွင် မတ်လ ၆ ရက်နေ့မှ ၈ ရက်နေ့ထိကျင်းပလျှက်ရှိရာ တတိယနေ့တွင် မြန်မာနိုင်ငံပုဂ္ဂလိကသက်မွေးပညာအသင်း Myanmar Private TVET Association သည် မြန်မာနိုင်ငံ၏ ပိုမိုစိမ်းလန်းစိုပြည်ပြီး ရေရှည်တည်တံ့ ခိုင်မြဲသော အနာဂတ်ဆီသို့ ကူးပြောင်းရာတွင် နည်းပညာနှင့် သက်မွေးပညာရပ်များ (TVET) မှ မည်သို့ပံ့ပိုးကူညီနိုင်မည်ကို ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ စုပေါင်းဆွေးနွေးကြသည့် “Private TVET as a Catalyst for Myanmar’s Green Transition” စကားဝိုင်းဆွေးနွေးပွဲကို စီစဉ်ပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင်
- မြန်မာနိုင်ငံအတွက် Green Transition သည် အဘယ်ကြောင့် အရေးကြီးသနည်း။
- Green Workforce တည်ဆောက်ရာတွင် TVET ကဏ္ဍ၏ အခန်းကဏ္ဍ။
- ပုဂ္ဂလိကကဏ္ဍ၏ ဦးဆောင်မှုဖြင့် ရေရှည်တည်တံ့သော ပြောင်းလဲမှုများ ဖော်ဆောင်ခြင်း။
- စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုနှင့် Carbon Footprints လျှော့ချရေး။
- Green Transition နှင့် စီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းများ။
- ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အသိပညာပေးခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး။
- HVAC (အအေးပေးနှင့် လေအေးပေးစနစ်) လုပ်ငန်းခွင်အတွင်းရှိ ကျွမ်းကျင်မှုလိုအပ်ချက်များနှင့် နည်းပညာရှင်များ၏ အတွေ့အကြုံများ။
- စီးပွားရေးလုပ်ငန်းများတွင် Green Transition စီမံကိန်းများ မြှင့်တင်ရန် မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများစသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးပွဲကို
၁။ ဦးအောင်ကျော်ဟိန်း
Programme Coordinator, Skills Development & Livelihoods
Finnish Refugee Council
Individual and Advisory Board Member
၂။ ဦးမင်းမင်းထွန်း
Founder
Hyper Engineer Group
၃။ ဒေါ်ရွှေယမင်းဦး
CEO & Co-Founder
RecyGlo, SheWorks တို့မှ ဦးဆောင်ဆွေးနွေးခဲ့ကြပြီး Moderator အဖြစ်
ဦးငြိမ်းချမ်းကိုကို
Project Coordinator
Skills for Community Resillience and Empowerment Project
Myanmar Private TVET Association က ဆောင်ရွက်ခဲ့ပါသည်။ ဆွေးနွေးမှုအပြီး တက်ရောက်လာသော ဧည့်သည်တော်ပညာရှင်များဝင်ရောက်ဆွေးနွေးခဲ့ကြပြီး အခမ်းအနားကိုအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။