၂၀၂၆ ခုနှစ်၊ အဲကွန်းကျွမ်းကျင်မှုပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနား
ရက်စွဲ: ၂၀၂၆ ခုနှစ်၊ မတ်လ ၈ ရက်
နေရာ: ရန်ကုန်ကွန်ဗင်းရှင်းစင်တာ (Yangon Convention Center)
၂၀၂၆ ခုနှစ်၊ အဲကွန်းကျွမ်းကျင်မှုပြိုင်ပွဲ (Air-Con Skills Competition 2026) ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံပုဂ္ဂလိကသက်မွေးပညာအသင်း ဥက္ကဌဖြစ်သူ ဦးအေးမင်းမင်းမှ Keynote Address: The Journey & The Vision အား ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး နည်းပညာဆိုင်ရာ သုံးသပ်ချက်အနေဖြင့် ဦးထက်အာကာကျော်မှ ပြိုင်ပွဲ၏ စံချိန်စံညွှန်းများနှင့် အကဲဖြတ်စစ်ဆေးမှုများအကြောင်း နည်းပညာဆိုင်ရာ သုံးသပ်ချက်များကို မျှဝေခဲ့ရာ တက်ရောက်လာသူများအတွက် ဗဟုသုတများစွာ ရရှိစေခဲ့ပါသည်။
ဆုချီးမြှင့်ခြင်း: ပြိုင်ပွဲဝင်တို့၏ ကြိုးစားအားထုတ်မှု၊ နည်းပညာကျွမ်းကျင်မှုနှင့် ဇွဲလုံ့လတို့ကြောင့် ထိုက်ထိုက်တန်တန် ဆုရရှိခဲ့ကြသော ပထမ၊ ဒုတိယ၊ တတိယ ဆုရှင်များနှင့် နောက်ဆုံးအဆင့်ဝင် ပြိုင်ပွဲဝင်များကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
အနိုင်ရရှိသူများအား
ပထမဆု – ရွှေတံဆိပ်ဆု၊ Trophy ၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ၁၀ သိန်းကျပ်တိတိ
ဒုတိယဆု – ငွေတံဆိပ်ဆု၊ Trophy ၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ၆ သိန်းကျပ်တိတိ
တတိယဆု – ကြေးတံဆိပ်ဆု၊ Trophy ၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ၄ သိန်းကျပ်တိတိ
အထူးဆုနှစ်ဆု Trophy ၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ၁သိန်းကျပ်တိတိစီ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ဆုရရှိသူများမှ ၎င်းတို့၏ ပြိုင်ပွဲတစ်လျှောက် ဖြတ်သန်းခဲ့ရသော အတွေ့အကြုံများနှင့် ခံစားချက်များကို စိတ်အားတက်ကြွဖွယ် ပြောကြားခဲ့ကြပါသည်။
အခမ်းအနားကို ဦးတင်လတ် (ဒုတိယဥက္ကဌ, မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်) (ဥက္ကဌ, မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း)မှ စက်မှုကဏ္ဍအတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် အင်ဂျင်နီယာအတတ်ပညာ မြှင့်တင်ရေးဆိုင်ရာ နိဂုံးချုပ်အမှာစကားများဖြင့် ရုပ်သိမ်းခဲ့ပြီး၊ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခြင်းနှင့် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံနှီးနှောခြင်းများ ဆက်လက်ပြုလုပ်ခဲ့ပါသည်။
ဤပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရန် ပံ့ပိုးကူညီပေးခဲ့ကြသော အလှူရှင်များနှင့် စပွန်ဆာပေးသူများအားလုံးကိုလည်း အထူးပင် ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုခဲ့ပါသည်။
HVACR နယ်ပယ်တွင် ထူးချွန်ပြောင်မြောက်ပြီး ပရော်ဖက်ရှင်နယ်ဆန်စွာ ယှဉ်ပြိုင်ခဲ့ကြသည့် ဆုရရှိသူများနှင့် ပြိုင်ပွဲဝင်များအားလုံးကို ထပ်လောင်း ဂုဏ်ယူဝမ်းမြောက်အပ်ပါသည်။