You Here!
  • Home
  • ActivitiesNSSA Standards: Empowering Schools & Assessors Free Online Webinar အောင်မြင်စွာ ကျင်းပပြီးစီးခြင်း

NSSA Standards: Empowering Schools & Assessors Free Online Webinar အောင်မြင်စွာ ကျင်းပပြီးစီးခြင်း

Myanmar Private TVET Association (MPTA) ၏ Public Relations Committee မှ စီစဉ်ကျင်းပသော “NSSA Standards: Empowering Schools & Assessors” Free Online Webinar ကို ၂၀၂၆ ခုနှစ် ဇူလိုင်လ (၁၂) ရက်၊ တနင်္ဂနွေနေ့တွင် Zoom Platform မှတစ်ဆင့် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။
အစီအစဉ်ကို MPTA ဒုတိယဥက္ကဋ္ဌ (၂) ဒေါ်သွေးသွေးမောင်မှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး၊ MPTA အသင်းဝင်များအတွက် Professional Development Program များကို ၂၀၂၆ ခုနှစ်အတွင်း အခမဲ့ Online Webinar (၃) ကြိမ် ကျင်းပသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် Webinar တွင် ဆရာမကြီး ဒေါ်ခင်မာအေး Speaker အဖြစ် ပါဝင်ဆွေးနွေးခဲ့ပြီး NSSA ၏ အဖွဲ့အစည်းဖွဲ့စည်းပုံ၊ အလုပ်အကိုင်ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေများ၊ ASEAN Skills Recognition Project တွင် မြန်မာနိုင်ငံပါဝင်လာပုံ၊ Competency Standards ရေးဆွဲပြီးသည့် အလုပ်အကိုင်များ၊ Assessment Center လျှောက်လွှာပုံစံများနှင့် NSSA ၏ အကဲဖြတ်ဆောင်ရွက်မှု အဆင့်ဆင့်ကို အသေးစိတ် တစ်နာရီခွဲခန့် ရှင်းလင်းပြောကြားခဲ့သည်။
Webinar သို့ MPTA အသင်းဝင် (၅၀) ကျော် တက်ရောက်ခဲ့ပြီး သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။
ဤအစီအစဉ်အတွက် အဖွင့်အမှာစကား ပြောကြားပေးခဲ့သည့် ဒေါ်သွေးသွေးမောင်၊ အသိပညာများကို မျှဝေခဲ့သည့် ဆရာမကြီး ဒေါ်ခင်မာအေး၊ စီစဉ်ဆောင်ရွက်ပေးခဲ့သည့် MPTA Public Relations Committee နှင့် တက်ကြွစွာ ပါဝင်ခဲ့သည့် MPTA အသင်းဝင်များအားလုံးကို MPTA မှ အထူးကျေးဇူးတင်ရှိပါသည်။

Leave A Comment