You Here!
  • Home
  • ActivitiesMPTA Secretariat Office & Committee Leadership Alignment Workshop Meeting

MPTA Secretariat Office & Committee Leadership Alignment Workshop Meeting

မြန်မာနိုင်ငံ ပုဂ္ဂလိက သက်မွေးပညာအသင်း (MPTA) ၏ MPTA Secretariat Office & Committee Leadership Alignment Workshop ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်၊ စနေနေ့၊ ရန်ကုန်မြို့၊ ယောဂီကျောင်းလမ်းတွင်ရှိသော Skills Development and Collaboration Agency ၏ အစည်းအဝေးခန်းမနေရာ၌ ကျင်းပခဲ့ပါသည်။ အစည်းအ​ဝေးတွင် MPTA ၏ Vice President (1) ဦးဇေယျာမင်းဦးမှ ဦးဆောင်၍ MPTA Secretariat Office & Committee Leadership Alignment Workshop နှင့်ပတ်သက်၍ အဓိကအားဖြင့် အဖွဲ့အစည်းအတွင်း လုပ်ငန်းများ ပိုမိုချောမွေ့ထိရောက်စေရန်အတွက် Secretariat ရုံးအဖွဲ့၏ စီမံခန့်ခွဲမှု ဖွဲ့စည်းပုံ (Governance Structure)၊ ECs and Committee leader တစ်ဦးချင်းစီ၏ တာဝန်ဝတ္တရား နယ်ပယ်များနှင့် Reporting Lines & Frequency ကို ရှင်းလင်းဆွေးနွေး အကြံပြုတင်ပြခဲ့ပြီး အသင်းဝင် EC ဆရာ၊ ဆရာမများမှ အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ကာ အစည်းအဝေးကို အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

Leave A Comment