You Here!
  • Home
  • ActivitiesMPTA Detailed Action Plan 2026 & Organizational Reform

MPTA Detailed Action Plan 2026 & Organizational Reform

မြန်မာနိုင်ငံ ပုဂ္ဂလိက သက်မွေးပညာအသင်း (MPTA) သည် ၂၀၂၆ အတွက် Detailed Action Plan 2026 နှင့် Organizational Reform ကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၁ ရက်၊ စနေနေ့ ရန်ကုန်မြို့ သံလွင်ဟိုတယ်တွင် နေ့လည် ၁:၀၀ မှ ၅:၀၀ အချိန်အတွင်း ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် MPTA ဥက္ကဋ္ဌ ဦးအေးအေးမင်းမှ မိတ်ဆက်စကားပြောကြားပြီးနောက် EC အဖွဲ့ဝင်အသစ်များမှ တရားဝင်မိတ်ဆက်ခဲ့ကြပါသည်။ ထို့နောက် အလုပ်အမှုဆောင်အဖွဲ့နှင့် အကြံပေးအဖွဲ့ဝင်များကို ကိုယ်တိုင်လျှောက်ထားမှုများအပေါ် အခြေခံ၍ ပြန်လည် ဖွဲ့စည်းခဲ့ပြီး ဘဏ္ဍာရေးအခြေအနေများကိုလည်း ဆွေးနွေးတင်ပြခဲ့ပါသည်။

နောက်ထပ် အစီအစဉ်အနေဖြင့် Vice President (1) ဦး​ဇေယျာမင်းဦးမှ ဦးဆောင်၍ ၂၀၂၆ ခုနှစ်အတွက် Detailed Action plan နှင့်ပတ်သက်၍ အဓိက လုပ်ဆောင်ချက်များ၊ ရည်မှန်းချက်များနှင့် အညွှန်းများကို ဆွေးနွေးတင်ပြခဲ့ပြီး MPTA ဥက္ကဋ္ဌမှ Secretariat Office ၏ အခန်းကဏ္ဍများနှင့် အရေးပါမှုများကိုလည်း တင်ပြခဲ့ပါသည်။

အစည်းအဝေးအဆုံးတွင် အသင်းဝင်များအကြား အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ကာ အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်စေခဲ့ပါသည်။

Leave A Comment