MPTA Detailed Action Plan 2026 & Organizational Reform
မြန်မာနိုင်ငံ ပုဂ္ဂလိက သက်မွေးပညာအသင်း (MPTA) သည် ၂၀၂၆ အတွက် Detailed Action Plan 2026 နှင့် Organizational Reform ကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၁ ရက်၊ စနေနေ့ ရန်ကုန်မြို့ သံလွင်ဟိုတယ်တွင် နေ့လည် ၁:၀၀ မှ ၅:၀၀ အချိန်အတွင်း ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် MPTA ဥက္ကဋ္ဌ ဦးအေးအေးမင်းမှ မိတ်ဆက်စကားပြောကြားပြီးနောက် EC အဖွဲ့ဝင်အသစ်များမှ တရားဝင်မိတ်ဆက်ခဲ့ကြပါသည်။ ထို့နောက် အလုပ်အမှုဆောင်အဖွဲ့နှင့် အကြံပေးအဖွဲ့ဝင်များကို ကိုယ်တိုင်လျှောက်ထားမှုများအပေါ် အခြေခံ၍ ပြန်လည် ဖွဲ့စည်းခဲ့ပြီး ဘဏ္ဍာရေးအခြေအနေများကိုလည်း ဆွေးနွေးတင်ပြခဲ့ပါသည်။
နောက်ထပ် အစီအစဉ်အနေဖြင့် Vice President (1) ဦးဇေယျာမင်းဦးမှ ဦးဆောင်၍ ၂၀၂၆ ခုနှစ်အတွက် Detailed Action plan နှင့်ပတ်သက်၍ အဓိက လုပ်ဆောင်ချက်များ၊ ရည်မှန်းချက်များနှင့် အညွှန်းများကို ဆွေးနွေးတင်ပြခဲ့ပြီး MPTA ဥက္ကဋ္ဌမှ Secretariat Office ၏ အခန်းကဏ္ဍများနှင့် အရေးပါမှုများကိုလည်း တင်ပြခဲ့ပါသည်။
အစည်းအဝေးအဆုံးတွင် အသင်းဝင်များအကြား အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ကာ အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်စေခဲ့ပါသည်။