Career Counseling Knowledge Sharing Seminar
မြန်မာနိုင်ငံ ပုဂ္ဂလိက သက်မွေးပညာအသင်း (MPTA) မှ ဦးစီး၍ “Career Counseling” နှင့် ပတ်သတ်သော အကြောင်းအရာများကို ဝေမျှပေးသည့် Knowledge Sharing Free Seminar အား ယနေ့ ၂၈.၉.၂၀၂၄ (စနေနေ့) ည (၈း၀၀ နာရီ မှ ၉း၀၀နာရီ) တွင် Zoom Online Platform ဖြင့် ပြုလုပ်ကျင်းပခဲ့ပါသည်။
“Career Counseling” Knowledge Sharing Seminar တွင် MPTA မှ Vice President 2 ဒေါ်သွေးသွေးမောင် မှ မိတ်ဆက်စကားပြောကြားပြီး MPTA အကြောင်းများကို တက်ရောက်သူများအား ဝေမျှပေးပြီး အသင်းဝင်အကျိုးကျေးဇူး နှင့် အသင်းဝင်ခွင့် Form ကိုပါ ဝေမျှပေးခဲ့ပါသည်။ ထို့နောက် Knowledge Sharing မျှဝေပေးမည့် ဆရာဇေယျာမင်းဦး (Founder and Consultant of AHKHARA Solution) မှ လူငယ်များအတွက် မိမိနှင့် သင့်လျော်သော အလုပ်အကိုင်များရွေးချယ်နိုင်စေရန် အတွက် Career Counseling ပြုလုပ်ပေးနိုင်ဖို့ လိုအပ်သော Tools and Techniques များကို ဝေမျှဆွေးနွေးပေးသွားခဲ့ရာ ရန်ကုန်၊ မကွေး၊ ငွေဆောင်၊ ဘီးလင်း၊ မန္တလေး၊ မြင်းခြံ၊ တောင်သာ၊ နေပြည်တော်၊ ချင်းမိုင်အစရှိသော နယ်ပယ် အသီးသီးမှ စိတ်ပါဝင်စားသူများ တက်ရောက်နားထောင်ကာ ဝင်ရောက်ဆွေးနွေးမေးမြန်းမှုများကို ဆရာဇေယျာမင်းဦးမှ စိတ်ရှည်လက်ရှည်ဖြင့် ဖြေကြားပေးခဲ့ပါသည်။