Trade Expo, Education & Further Study 2024 ဖွင့်ပွဲ

    You Here!
  • Home
  • ActivitiesTrade Expo, Education & Further Study 2024 ဖွင့်ပွဲ

Trade Expo, Education & Further Study 2024 ဖွင့်ပွဲ

October 25, 2024 admin 0 Comments
1. MPTA မှ Trade Expo, Education & Further Study 2024 ဖွင့်ပွဲ အခမ်းအနားတက်ရောက်ခြင်း

Yangon Convention Centre တွင် ကျင်းပသည့် Yangon International Trade Expo 2024 တွင် Education and Further Study 2024 ကဏ္ဍအတွက် မြန်မာနိုင်ငံ ပုဂ္ဂလိက သက်မွေးပညာအသင်း (MPTA) မှ Supporting Organization တစ်ခုအဖြစ်ပါဝင်ခဲ့ပြီး ယ​နေ့မနက်ကျင်းပ​သော ဖွင့်ပွဲအခမ်းအနားကို MPTA မှ ဥက္ကဌ ဦးအေးမင်းမင်း က အခြား supporting organization များမှ ဥက္ကဌများနှင့်အတူ ဖဲကြိုးဖြတ် ဖွင့်လှစ်​​​ပေးခဲ့ပါသည်။ ထိုအခမ်းအနား သို့ MPTA မှ ဒုဥက္ကဌများ၊ အတွင်းရေးမှူးများ အလုပ်အမှု​​ဆောင်များနှင့် အသင်းဝင်များ လည်း တက်ရောက်ခဲ့ကြပါသည်။

2.TVET Panel Discussion

Yangon International Trade Expo -2024 တွင် မြန်မာနိုင်ငံ ပုဂ္ဂလိက သက်မွေးပညာအသင်း (MPTA) မှ ကြီးမှူး၍ TVET & Career Opportunities ခေါင်းစဥ်ဖြင့် Panel Discussion အား နေ့လည် 1:30 နာရီမှ 2:30 နာရီအထိ ပြုလုပ်ကျင်းပခဲ့ရာ Panelist များဖြစ်ကြသော ဦးကိုကိုနိုင် (Advisor of MPTA)၊ ဒေါ်ခင်မြတ်စန္ဒာ (CEO of CVT Myanmar)၊ ဦးအောင်ကျော်ဟိန်း (Technical Training Specialist) နှင့် Moderator အဖြစ် ဦးနေလင်းအောင် (Freelance Consultant) တို့ မှ နိုင်ငံများ၏စီးပွားရေး တိုးတက် ဖွံဖြိုးမှုတွင် TVET ၏အခန်းကဏ္ဍအရေးပါပုံ၊ မြန်မာနိုင်ငံတွင် TVET ဆင့်ကဲပြောင်းလဲလာမှုများ၊ နိုင်ငံတကာ အလုပ်အကိုင်စျေးကွက် များအကြောင်း အဖက်ဖက်မှ ပြောင်းလဲ တိုးတက်လာသော အလုပ်အကိုင်လမ်းကြောင်းများ စသည့် သက်မွေးကဏ္ဍနှင့်ဆက်စပ်သော အကြောင်းအရာများကို ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာသူများ မှမေးမြန်းခြင်းများ ကိုလည်း ပြန်လည် ဖြေဆို ပေးခဲ့ကြပါသည်။ Panelist များနှင့် Moderator များအား MPTA ဒုဥက္ကဌ ‌ဒေါ်သွေးသွေးမောင်မှ အမှတ်တရ ဂုဏ်ပြုလက်ဆောင်များပေးအပ်ပြီး အမှတ်တရဓါတ်ပုံများရိုက်ကူးခဲ့ကြပါသည်။

3. MPTA အသင်းပြခန်း

အဆိုပါ ပြပွဲတွင် မြန်မာနိုင်ငံ ပုဂ္ဂလိက သက်မွေးပညာအသင်း၏ ပြခန်း အား ၂၅.၁၀.၂၀၂၄ မှ ၂၈.၁၀.၂၀၂၄ ​နေ့များတွင် မနက် ၁၀ နာရီမှ ညနေ ၄ နာရီ အထိ ပြသထားပြီး သက်မွေးပညာ သင်တန်းများ အကြောင်း၊ လက်ရှိသက်မွေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အတွက် လုပ်ဆောင်နေသော လုပ်ငန်းများ အကြောင်းနှင့် TVET Development Institute မှ ဖွင့်လှစ်ဆဲ ဖွင့်လှစ်မည့် သင်တန်းများ နှင့် Research လုပ်ငန်းများ အကြောင်းကို ရှင်းလင်းပြောကြားပေးသွားမှာဖြစ်လို့ MPTA အသင်းပြခန်းသို့ လာရောက်ကြည့်ရှုကြရန် ဖိတ်ခေါ်အပ်ပါသည်။

Leave A Comment