TVET Pedagogy Training သင်တန်း

TVET Pedagogy Training သင်တန်း

November 22, 2024 admin Comments Off

မြန်မာနိုင်ငံပုဂ္ဂလိကသက်မွေးပညာအသင်း (MPTA)က တည်ထောင်သည့် TVET Development Institute တွင် TOT Platform Project ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော TVET Pedagogy Training (Instructing Skills) သင်တန်း ကို ၁၈-၁၁-၂၀၂၄ ရက်နေ့မှ ၂၂-၁၁-၂၀၂၄ ရက်အထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ယောဂီကျောင်းလမ်း၊ Tech Park 151၊ ရှိ TDI သင်တန်းခန်းမ၌ ဖွင့်လှစ်ပို့ချခဲ့ရာ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများမှ သင်တန်းသား/သူ ဆရာ၊ ဆရာမ (၁၃) ဦးတက်ရောက်ခဲ့ကြပါသည်။ သင်တန်းတွင် စင်္ကာပူနိုင်ငံ ITE မှ အသိအမှတ်ပြုလက်မှတ်ရ Master Trainer များက သင်ကြားပို့ချမျှဝေခဲ့ပြီး သင်တန်းကာလကို (၅) ရက် ဖွင့်လှစ်ပို့ချခဲ့ပါသည်။ သင်တန်းကာလအတွင်း တက်ရောက်ခဲ့ကြသည့် သင်တန်းသား/သူ ဆရာ၊ဆရာမ များက တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။