မြန်မာနိုင်ငံပုဂ္ဂလိကသက်မွေးပညာအသင်း (MPTA) ၏ ၁၀ နှစ်ပြည့် အခမ်းအနား

    You Here!
  • Home
  • Activitiesမြန်မာနိုင်ငံပုဂ္ဂလိကသက်မွေးပညာအသင်း (MPTA) ၏ ၁၀ နှစ်ပြည့် အခမ်းအနား

မြန်မာနိုင်ငံပုဂ္ဂလိကသက်မွေးပညာအသင်း (MPTA) ၏ ၁၀ နှစ်ပြည့် အခမ်းအနား

December 16, 2024 admin Comments Off

မြန်မာနိုင်ငံပုဂ္ဂလိကသက်မွေးပညာအသင်း (MPTA) ကြီး၏ တည်ထောင်ခြင်း ၁၀ နှစ်ပြည့် အခမ်းအနား (10th Anniversary of Myanmar Private TVET Association) ကို ၁၆ ရက်နေ့ ဒီဇင်ဘာလ ၂၀၂၄ တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပန်းပဲတန်းမြို့နယ် ၊ Pan Pacific Hotel ၌ အောင်မြင်စွာကျင်းပခဲ့ပါသည်။

မြန်မာနိုင်ငံပုဂ္ဂလိကသက်မွေးပညာအသင်း (MPTA) ၏ ၁၀ နှစ်ပြည့် အခမ်းအနားကို

  • EC Members များ
  • အသင်းဝင်ဆရာ၊ဆရာမများ
  • မိတ်ဖက် Partners များ
  • သတင်း ၊ Media များ နှင့်
  • ဖိတ်ကြားထား‌သော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အခမ်းအနားတွင် အသင်း၏ ဥက္ကဌ ဦးအေးမင်းမင်းမှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး အသင်း၏ ဒုဥက္ကဌ ဒေါ်သွေးသွေးမောင်မှ MPTA ၁၀ နှစ်တာကာလ လှုပ်ရှားမှုများ နှင့် အောင်မြင်မှုများအား မျှဝေပေးခဲ့ပါသည်။ ထို့နောက် Green Initiatives for TVET Actors ခေါင်းစဉ်ဖြင့် Panel Discussion ကို ဆရာမကြီးဒေါ်ခင်မာအေး (Member of ACC)၊ ဆရာဦးဇေယျာမင်းဦး (Founder and Consultant of AHKHARA Solution)၊ ဆရာဦး‌အောင်ကျော်ဟိန်း (Techinal and Training Specialist) နှင့် ဆရာဦးဟန်မျိုးနောင် (Joint Secretary to MPTA, MD of WSH Myanmar)တို့မှ ဆွေးနွေးဝေမျှပေးခဲ့ကြပါသည်။

ထို့အပြင် မိတ်ဖက်များဖြစ်ကြသော

  1. Myanmar Women Entrepreneurs Network (MYANWEN)
  2. Disabled People’s Development Organization (DPDO)
  3. Environment, Health and Safety Myanmar – EHS Myanmar
  4. Zabai Myanmar

အစရှိသည့် အဖွဲ့အစည်းများနှင့် MoU လက်မှတ်‌ ရေးထိုးခဲ့ကြပါသည်။

ထို့နောက် TVET Award နှင့်ပတ်သတ်သော အကြောင်းအရာများကို ဝေမျှပေးခဲ့ပြီး TVET Award ရရှိသူများဖြစ်ကြသော ဆရာမကြီးဒေါ်ခင်မာအေး အား TVET Visionary Award နှင့် ဆရာမဒေါက်တာမြတ်နိုးခင် အား TVET Excellence Award တို့ကို အသီးသီးချီးမြှင့်ခဲ့ကြပြီး ဆရာမတို့မှ ဝမ်းသာပီတိစကားများကို ဝေမျှပေးခဲ့ကြပါသည်။ ထို့နောက်တွင်တက်ရောက်လာသည့် ဧည့်သည်တော်များမှ ဂုဏ်ပြုစကားများ မျှဝေ ပေးပြီး အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးကာ မြန်မာနိုင်ငံပုဂ္ဂလိကသက်မွေးပညာအသင်း (MPTA) ၏ ၁၀ နှစ်ပြည့် အခမ်းအနား ကို အောင်မြင်စွာ ကျင်းပခဲ့ကြပါသည်။