MPTA Strategic Review Meeting

January 12, 2025 office team 0 Comments

မြန်မာနိုင်ငံပုဂ္ဂလိက သက်မွေးပညာအသင်း (MPTA) ၏ ၂၀၂၄ ခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ရန် ချမှတ်ခဲ့သည့်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် စပ်လျဉ်း၍ သုံးသပ် ဆွေးနွေသော Strategic Review Meeting ကို ၁၂ ရက်နေ့၊ ဇန်နဝါရီလ၊ ၂၀၂၅ ခုနှစ် (တနဂ်နွေ)နေ့ ၊ နေ့လည် ၁း၀၀ နာရီ မှ ညနေ ၄း၀၀ နာရီ အထိ TVET Development Institute (TDI)၊ Tech Park 151၊ အခန်း #၀၃-၀၁၊ D ဘလော့၊ ယောဂီကျောင်းလမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ Strategic Review Meeting အား MPTA အသင်း၏ အလုပ်အမှုဆောင်များနှင့် အကြံပေးပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။ Meeting အား လူကိုယ်တိုင်မတက်ရောက်နိုင်သည့် အလုပ် အမှုဆောင်များနှင့် အကြံပေးပုဂ္ဂိုလ်များမှာလည်း Zoom Meeting ဖြင့် Online မှ တက်‌ရောက်ခဲ့ကြပါသည်။

အဆိုပါ အစည်းအဝေးတွင် သက်ဆိုင်ရာအဖွဲ့များအလိုက် မိမိတို့၏အဖွဲ့၏ အောင်မြင်စွာ ပြီးမြောက် ခဲ့သော လုပ်ငန်းဆောင်တာများကို တင်ပြခဲ့ကြပြီး ပြုပြင်​ပြောင်းလဲ ဆောင်ရွက်သင့်သည်များကိုလည်း ဆွေးနွေး တင်ပြခဲ့ပါသည်။

Leave A Comment