Enhancing TVET Pedagogical Skills and Curriculum Review”
မြန်မာနိုင်ငံ ပုဂ္ဂလိက သက်မွေးပညာအသင်း Myanmar Private TVET Association (MPTA) မှကြီးမှုး ၍ “Enhancing TVET Pedagogical Skills and Curriculum Review” ခေါင်းစဉ်ဖြင့် Training Workshop ကို ၂၀.၁.၂၀၂၅ (တနလ်ာနေ့) မှ ၂၄.၁.၂၀၂၅ (သောကြာနေ့) ထိ ရန်ကုန်မြို့၊ ပြည်လမ်းရှိ စကားဝါ သင်တန်းခန်းမ Regency Office Tower တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ သင်တန်းတွင် MPTA အသင်း၏ ဥက္ကဌ ဆရာဦးအေးမင်းမင်းမှ Application of Instructional Models နှင့် Effective Teaching of Generic Competency ကို လည်းကောင်း၊ ဆရာမဒေါ်မြတ်မြတ်မျိုးမှ “Job Analysis and Task Analysis in OJT” ကို လည်းကောင်း၊ ဆရာဦးဘုန်းကျော်မှ “Test Item Analysis” ကို လည်းကောင်း စသည့် အကြောင်းအရာများကို အသီးသီး သင်ကြားပို့ချခဲ့ကြပါသည်။
ထို့နောက် သင်တန်းနောက်ဆုံးနေ့တွင် လက်ရှိ အသုံးပြုသင်ကြားနေသော သင်ရိုးညွှန်းတမ်း (Curriculum) များကို “Review and Revision” ပြန်လည်ပြုလုပ်နိုင်ရန်အတွက် ဆရာမ ဒေါ်သိမ့်သိမ့်ထွန်းမှ ဦးဆောင်ကာ ဆွေးနွေးခဲ့ကြရာ ထိုသင်တန်းကို မကွေး၊ မင်းဘူးနှင့် မင်းလှမြို့နယ်များမှ Tailoring နှင့် Beauty လုပ်ငန်းများမှ Employer-Trainer လုပ်ငန်းရှင် ဆရာမများ တက်ရောက်ခဲ့ကြပါသည်။