Enhancing TVET Pedagogy Skills Training – (Conducting OJT and Coaching Skills)
မြန်မာနိုင်ငံပုဂ္ဂလိကသက်မွေးပညာအသင်း (MPTA) မှ ကြီးမှူး၍ “Enhancing TVET Pedagogy Skills Training – (Conducting OJT and Coaching Skills)” အား ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ၂၀၂၅ ခုနှစ်မှ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ၂၀၂၅ ခုနှစ် အထိ (၃) ရက်ကြာ ရန်ကုန်မြို့ ပြည်လမ်းရှိ စကားဝါ သင်တန်းခန်းမ Regency Office Tower တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါသင်တန်းတွင် MPTA အသင်းမှ Master Trainer များဖြစ်သော ဆရာမဒေါ်မြတ်မြတ်မျိုးမှ Conducting OJT Skills နှင့်ပတ်သက်၍
- OJT အစီအစဉ်အတွက် သတ်မှတ်ချက်များ ချမှတ်ခြင်း
- On-Job-Training
- အလုပ်နှင့် လုပ်ငန်းခွင် လိုအပ်ချက်များ ဖော်ထုတ်ခြင်း
- သင်တန်း လိုအပ်ချက်အား ဆန်းစစ်ဖော်ထုတ်ခြင်း
- OJT အစီအစဉ် ရေးဆွဲခြင်း
- Job Analysis – အလုပ်ခွဲခြမ်း စီစစ်သုံးသပ်ခြင်း
- Tasks Analysis – အလုပ်တာဝန် ခွဲခြမ်းစီစစ်သုံးသပ်ခြင်း
- သင်တန်းအစီအစဉ် ရေးဆွဲခြင်း စသည့် အကြောင်းအရာများကိုလည်းကောင်း
ဆရာမဒေါ်သိမ့်သိမ့်ထွန်းမှ Coaching Skills နှင့်စပ်လျဉ်း၍
- Coaching
- Benefits of Coaching
- Roles and Responsibilities of a Coach
- Coaching Process
- Preparing a Coaching Activity Plan
- Coaching Activities အကြောင်းအရာများကိုလည်းကောင်း သင်ကြားပို့ချခဲ့ပြီး သင်တန်း တက်ရောက်သူများမှ လက်တွေ့လေ့ကျင့်သင်ယူမှုများပြုလုပ်ခဲ့ကြပါသည်။
ထိုသင်တန်းသို့ ရန်ကုန်မြို့ ရှိ Women Fashion Tailoring, Hair and Facial Treatment, Bakery & Pastry, Nurse-Aide နှင့် Electrical Wiring Installation အစရှိသော နယ်ပယ်အသီးသီးမှ Employers များနှင့် Professional Trainers ဆရာ/ ဆရာမများ တက်ရောက်ပြီး တက်ကြွစွာသင်ယူခဲ့ကြပါသည်။
