Aircon Skills Competition 2026 အတွက် ဖိတ်ခေါ်ခြင်း
အဲကွန်းနည်းပညာလောကမှာ မိမိရဲ့ ကျွမ်းကျင်မှုကို သက်သေပြပြီး ဆုကြေးငွေတွေနဲ့အတူ အောင်မြင်မှုမှတ်တိုင်တစ်ခု စိုက်ထူချင်ပါသလား? 🏆
၂၀၂၆ ခုနှစ်၊ မတ်လ (၆) ရက်မှ (၈) ရက်အထိ Yangon Convention Center (YCC)တွင် ကျင်းပမည့် “Myanmar 8 Build Expo” ကြီးအတွင်း Aircon Skills Competition 2026ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။
ဤပြိုင်ပွဲကို Myanmar Private TVET Association၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် နှင့် HVACR (Yangon) တို့မှ ဦးစီးကျင်းပခြင်း ဖြစ်ပါသည်။
🌟 Special Thanks to Our Sponsors 🌟
💎 Main Sponsor – Silver Sea Company Limited
🤝 Co-Sponsors
Myanmar Classic Group Company
Peace Myanmar Electric Company
💰 ထိုက်တန်စွာ ချီးမြှင့်မည့် ဆုကြေးငွေများ
- 🥇 ပထမဆု – ၁၀ သိန်းကျပ်
- 🥈 ဒုတိယဆု – ၆ သိန်းကျပ်
- 🥉 တတိယဆု – ၄ သိန်းကျပ်
- 🏅 အထူးဆု (၂ ဆု) – ၁ သိန်းကျပ်စီ
(မှတ်ချက် – Aircon အရောင်းဆိုင်ကြီးများမှလည်း ထပ်လောင်းဆုများ ချီးမြှင့်သွားဦးမှာ ဖြစ်ပါတယ်) - 📅 ပြိုင်ပွဲအဆင့်ဆင့် ကျင်းပမည့် အစီအစဉ်
📍 အဆင့် (၁) – Online စာတွေ့ဖြေဆိုခြင်း
နေ့ရက် – ဖေဖော်ဝါရီ ၁၇၊ ၂၀၂၆ (နေ့လည် ၁:၀၀ နာရီတိတိ)
ဖြေဆိုရမည့်ပုံစံ – HVACR Facebook Page တွင် တင်ပေးမည့် Link မှတစ်ဆင့် ဖြေဆိုရပါမည်။
ရွေးချယ်မှု – အမှတ်အများဆုံး စကာတင် (၄၀) ဦးကို ရွေးချယ်ပါမည်။
📍 အဆင့် (၂) – လက်တွေ့ကျွမ်းကျင်မှု စစ်ဆေးခြင်း (Practical)
နေ့ရက် – ဖေဖော်ဝါရီ ၂၆-၂၇၊ ၂၀၂၆ (နံနက် ၉:၀၀ နာရီ)
နေရာ – တောင်ဥက္ကလာပမြို့နယ်ရှိ လူတွေ့စစ်ဆေးရေးဌာန။
ရွေးချယ်မှု -အမှတ်အများဆုံး စကာတင် (၅) ဦးအား နောက်ဆုံးအဆင့် ပြိုင်ပွဲသို့ ရွေးချယ်ပါမည်။
📍 အဆင့် (၃) – နောက်ဆုံးအဆင့် ယှဉ်ပြိုင်ခြင်း
စကာတင် (၅) ဦးသည် “Myanmar 8 Build Expo” ကျင်းပမည့်နေရာတွင် (၂) ရက်တာ အကြိတ်အနယ် ယှဉ်ပြိုင်ရပါမည်။
🙋♂️ ဘယ်သူတွေ ယှဉ်ပြိုင်နိုင်သလဲ?
မြန်မာတစ်နိုင်ငံလုံးရှိ အဲကွန်းပညာဖြင့် အသက်မွေးနေသူများ။
အသက် (၁၈) နှစ်မှ (၃၀) နှစ် အတွင်းရှိသူ မည်သူမဆို။
📝 လျှောက်ထားရန် နည်းလမ်း
အောက်ပါ QR Code (please see in comment) ကို Scan ဖတ်ပြီး အချက်အလက်များ ပြည့်စုံစွာ ဖြည့်စွက်၍ လျှောက်ထားနိုင်ပါသည်။
⏰ လျှောက်လွှာပိတ်ရက် – ဖေဖော်ဝါရီ ၁၅၊ ၂၀၂၆ (ည ၉:၀၀ နာရီထိ)
📚 လေ့လာရန် အညွှန်း (Syllabus)
ပြိုင်ပွဲအတွက် ပြင်ဆင်နိုင်ရန် အောက်ပါဘာသာရပ်များကို လေ့လာထားပါ
🚩စာတွေ့အတွက်
အင်ဂျင်နီယာတိုင်းတာရေးယူနစ်များ
အဲကွန်းတလုံး၏ပါ၀င်သောအစိတ်အပိုင်းများ
အဲကွန်းလုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးအခြေခံဗဟုသုတများ
အဲကွန်းဂက်အမျိုးအစားများနှင့်သူတို့၏ဆောင်ရန်ရှောင်ရန်များ
အခြေခံလျှပ်စစ်ယူနစ်နှင့်သီအိုရီ၊တွက်ချက်မှုများ
အဲကွန်းလုပ်ငန်းဆိုင်ရာအခြေခံတွက်ချက်မှုများ
အဲကွန်းပြစ်ချက်ဆိုင်ရာအခြေခံဗဟုသုတသိမှတ်စရာများ
အဲကွန်းတပ်ဆင်မှုဆိုင်ရာဆောင်ရန်ရှောင်ရန်များ
🚩လက်တွေ့အတွက်
အဲကွန်းလက်သုံးပစ္စည်းများလက်တွေ့ကျွမ်းကျင်မှု
လျှပ်စစ်တိုင်းတာရေးမာလ်တီမီတာ၊clamp မီတာဆိုင်ရာလက်တွေ့တိုင်းတာမှုများ
အိမ်သုံးအဲကွန်းဝါယာရင်လက်တွေ့တပ်ဆင်မှု
(3-phase , heat pump, universal control card )
Basic Electrical Control
(DOL starter , Relay , Outdoor relay system)
Airconditioning System components
Auxiliary Components
အဲကွန်းပြစ်ချက်ရှာခြင်း
🚩အဲကွန်းကျွမ်းကျင်မှုပြိုင်ပွဲနေ့အတွက်
အဲကွန်းစနစ်တကျတပ်ဆင်ခြင်း
အဲကွန်ကြေးပိုက်Brazing Work
လေအိုးမီးအိုစနစ်တကျအသုံးပြုခြင်း
အဲကွန်းစနစ်တကျတပ်ဆင်မောင်းနှင်ခြင်း
Superheat , Sub-cooled တိုင်းတာခြင်း
PVC trunking Work
ပြစ်ချက်ရှာဖွေ ပြုပြင်ခြင်း
📞 အသေးစိတ်စုံစမ်းမေးမြန်းရန်
- ဦးထက်အာကာကျော် – 09441394581
- ဦးရှိန်းခိုင်ဦး – 09420417809
- ဦးထွန်းထွန်း – 09963559423
- ဦးမင်းခန့်လွင် – 09765421789
- ဦးညီညီလွင် – 09456344485
- ဦးဇေမင်းသန့် -09250469688
- ဦးချမ်းငြိမ်းနိုင် – 095042663
- ဦးသန်းဝင်းကျော် – 09455445711
- ဦးနန္ဒမိုး – 0942812064