You Here!
  • Home
  • ActivitiesMyanmar Private TVET Association နှင့် Silver Sea International Limited တို့၏ MOU လက်မှတ်ရေးထိုးပွဲ

Myanmar Private TVET Association နှင့် Silver Sea International Limited တို့၏ MOU လက်မှတ်ရေးထိုးပွဲ

February 2, 2026 office team 0 Comments

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံ ပုဂ္ဂလိကသက်မွေးပညာအသင်း (MPTA) နှင့် Silver Sea International Limited တို့၏ MOU လက်မှတ်ရေးထိုးပွဲ ကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ Inya Lake Hotel (Mingalar Ballroom) တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် Silver Sea International Limited ၏ Managing Director ဦးဇာနည်မှ အခမ်းအနား၏ ရည်ရွယ်ချက်နှင့် ပူးပေါင်းဆောင်ရွက်မှု အရေးပါမှုများကို မိတ်ဆက်ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံပုဂ္ဂလိကသက်မွေးပညာအသင်း MPTA နှင့် Silver Sea International Limited တို့ MOU လက်မှတ်ရေးထိုးခြင်း ကို ဆောင်ရွက်ခဲ့ပါသည်။ လက်မှတ်ရေးထိုးပြီးနောက် MoU Partner အသီးသီးမှ ဂုဏ်ပြုစကားများ ပြောကြားခဲ့ကြပါသည်။
ထို့အပြင် အခမ်းအနားသို့ တက်ရောက်လာသူများ၏ မေးခွန်းများကို Silver Sea International Limited ၏ MD ဦးဇာနည် မှ ပြန်လည်ရှင်းလင်းဖြေကြားကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
ထို့နောက်တွင် အခမ်းအနားတက်ရောက်သူများနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခြင်း ဖြင့် အခမ်းအနားအား အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။
ဤ MOU လက်မှတ်ရေးထိုးပွဲမှတစ်ဆင့် အနာဂတ်တွင် ပိုမိုအကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် ဖြစ်ပေါ်လာမည်ဟု ယုံကြည်ပါသည်။

Leave A Comment